>181<[Zawgyi & Unicode]

3.2K 297 1
                                    

[Zawgyi]

အဲ့တာကြောင့် ကျွန်မကိုယုံလိုက် အိုကေ?

သူ့စကားက ရှမေလင်းအား ထိတ်လန့်စေသည်။ ဖုန်းနင်ကို သူဖမ်းခဲ့တာလား?

"ကျွန်မတို့် သူ့ကိုလိုအပ်တာမို့ အဲ့လိုလုပ်စရာမလိုပါဘူး အချစ်ရဲ့" သူမ စိတ်တည်ငြိမ်အောင် ထားရင်းပြောလေ၏။

"ကိုယ်တို့က သူ့ကိုလိုအပ်တယ်?" သူမစကားအား ထပ်ပြောလိုက်ချိန်တွင် သူ့ကိုယ်မှ အေးစက်မှုတို့ကို ရှမေလင်း တဖက်လိုင်းမှ ခံစားနေရ၏။

လုရီဖုန်း အသံနှုန်းထဲ ပြောင်းလဲမှုကို ခံစားလိုက်ရပေမယ့် သူမ အနှောင့်အယှက်မပေးမိ။ သူမ သူ့ကိုယုံသည်။ ပြီးတော့ ဖုန်းနင်ကို သူ ဘာမှလုပ်ထားခဲ့မှာ မဟုတ်ဘူး။ အကယ်၍ သူသာဖုန်းနင်ကို အစဖျောက်ပြီးသွားပါက အစကတည်းက သူမကို ဖုန်းခေါ်လာမှာ မဟုတ် "ဟုတ်တယ် ပြီးတော့ အဲ့မိန်းမကိုဖျက်စီးပစ်ဖို့ သူက ကျွန်မတို့ရဲ့ နားနဲ့မျက်လုံးဖြစ်ပေးဖို့ ဆန္ဒရှိတယ်"

"သူအမှန်တွေပြောနေတယ်ဆိုတာ မင်းသေချာရဲ့လား?"

"ရှမိသားစုကို သူကသစ္စာဖောက်မှာမဟုတ်ဘူးဆိုတာ ကျွန်မသိတယ်။ သူ့ကိုမယုံလည်း ရတယ် ရီဖုန်း။ တကယ်ကြီး သူကကျွန်မတို့ကို သစ္စာဖောက်လာတဲ့အခါကျ ရှင့်အစီအစဉ်အတိုင်း သူ့ကိုဖျက်စီးပစ်လိုက်ပေါ့။ သူ့ကိုအတင်းယုံဖို့လည်း ရှင့်ကိုဖိအားမပေးပါဘူး ဒါပေမယ့် ကျွန်မအတွက်ကျ.....သူက ငယ်သူငယ်ချင်းပဲ ဒါကြောင့်မို့ ယုံတယ်"

လုရီဖုန်း ခနတာ တိတ်ဆိတ်သွားတာမို့ ရှမေလင်း စိုးရိမ်စိတ်တို့ပိုလာ၏။ "ကျွန်မ ရှင့်ကိုချစ်တယ်" ဖုန်းနင်အပေါ်တွင် အချစ်နှင့်ပတ်သက်သော သူမရဲ့ခံစားချက်တွေ လုံးဝကြီးမရှိတော့ဘူးဆိုတာ သူသိစေရန် သူမ ပြောသည်။

တဖက်မှ သက်ပြင်းချသံအား သူမ ကြားလိုက်ရသည် "အင်း...ကိုယ်လည်းချစ်တယ်"

ရှမေလင်း မျက်လုံးတွေသည် နူးညံ့သွားသလို နှုတ်ခမ်းတွင်လည်း ချစ်စဖွယ်အပြုံးတစ်ခုပေါ်လာကာ "တကယ်လို့ တခြားသူတွေကို မယုံဘူးဆိုရင်တောင် ကျွန်မကိုယုံလို့ရတယ်.....ကျွန်မက ရှင့်အပေါ် ဘယ်တော့မှသစ္စာဖောက်မှာ မဟုတ်ဘူး ရီဖုန်း"

BOOK-2 နတ်ဆိုးရဲ့ အိပ်ပျော်နေသော အလှလေးWhere stories live. Discover now