[Zawgyi]
ကျေးဇူး
ရှမေလင်းဘေးတွင် ရပ်နေသည့် နျန်ကျယ်ကျန်းအား လီပင်းပင်း သတိပြုမိလေသည်။ နီရဲနေသည့် သူမပါးကိုမြင်လိုက်တော့ လီပင်းပင်း မျက်ခုံးတို့ပင့်မိသွားကာ "အိုး...ဒါဆို မေ့မေ့ပြောပြောတတ်တဲ့ မိန်းကလေးက နင်ပဲနေမယ်"
ရှမေလင်းက လီပင်းပင်းကို သူမအကြောင်း ပြောပြတယ်?
"ငါ့နာမည်က လီပင်းပင်း။ မေလင်းရဲ့ တစ်ဦးတည်းသောနဲ့အချစ်ဆုံးသူငယ်ချင်းပါ။ တွေ့ရတာဝမ်းသာပါတယ်" လီပင်းပင်း ပြုံးလိုက်သည်။
လီပင်းပင်းကိုကြည့်လိုက်ယုံနှင့် သူမသည် ရှမေလင်းထက် ပိုပြီးရူးလောက်မယ်ဆိုတာ နျန်ကျယ်ကျန်း ခန့်မှန်းမိလေ၏။ သူမနဲ့တတ်နိုင်သမျှ အဝေးမှာနေတာ ပိုကောင်းပေလိမ့်မည်။ "တူတူပါပဲ။ ငါ့နာမည်က နျန်ကျယ်ကျန်းပါ"
"ကြည့်ရတာ တော်တော်နာမယ့်ပုံပဲ။ မေ့မေ့နင့်ကို အရမ်းရိုက်လိုက်တာလား?"
"...."
လီပင်းပင်း ရယ်သွမ်းလိုက်ပြီး "ဘာမှမဖြစ်ပါဘူး။ ငါလည်း အတူတူပဲ မေ့မေ့ပါးရိုက်တာခံခဲ့ရတာ။ အဲ့အဓိပ္ပာယ်က နင့်ကိုမေ့မေ့က သူငယ်ချင်းအဖြစ် လက်ခံလိုက်တယ်ဆိုတဲ့သဘောပဲ"
ရှမေလင်း မျက်လုံးလှိမ့်လိုက်ပြီး "အဓိပ္ပာယ်မရှိတာတွေ ပြောတာရပ်စမ်း ပင်းပင်း"
"အဓိပ္ပာယ်မရှိတာ မဟုတ်ပါဘူး။ ငါအမှန်ပြောနေတာလေ။ သူငယ်ချင်းလုပ်တဲ့ နင့်ရဲ့နည်းလမ်းက ဒါပဲကို" လီပင်းပင်း ရယ်လိုက်ပြန်၏။
သူမပြောစကားများကို မသိချင်ယောင်ဆောင်ရန်သာ ရှမေလင်း ဆုံးဖြတ်လိုက်ပြီး "ဒါနဲ့ ကိုကိုရော?"
"အာ...စီစီလား...သူ အပြင်သွားပြီး တခုခုသွားဝယ်လို့" ပြီးနောက် လီပင်းပင်းသည် သမီးလေးအားပြန်ကြည့်လျက် ချော့မြူနေလိုက်၏။
တိတ်ဆိတ်နေသည့် လီပင်းပင်း၏ အမူအရာကိုကြည့်ရင်း နျန်ကျယ်ကျန်း မျက်လုံးတို့ကျုံ့လိုက်သည်။ ကြည့်လိုက်ယုံနှင့် လီပင်းပင်းသည် လိမ်နေတယ်ဆိုတာ သူမသိသည်။
ESTÁS LEYENDO
BOOK-2 နတ်ဆိုးရဲ့ အိပ်ပျော်နေသော အလှလေး
Romanceသူ့ကို အသက်ရှင်နေတဲ့လူသားနတ်ဆိုး တစ်ယောက်လို့ သူမအမြဲတွေးခဲ့တယ်။ ထိုသူကျူးလွန်ခဲ့တဲ့အရာတွေအပေါ် သူမခံစားလိုက်ရတာက သူမ သူ့ကိုကြောက်တယ် မုန်းခဲ့တယ် သို့ပေမယ့် သူဟာ သူမအတွက် သူ့ကိုယ်သူ ကြိုးစားပြောင်းလဲနေခဲ့တယ်။ သူမ ထိုသူ့ရဲ့ အမှန်တရားတွေကို သိပြီးနောက...