Chapter-1

13.2K 871 97
                                    

(Unicode)

၂၀၀၇ ခုနှစ်၊ မေလ ၂၆ ရက်။

"သား သတ်ဝေရေ၊ နွားတွေ ဘယ်ရောက်နေလဲ ကြည့်ဦးနော်"

မီးဖိုချောင်ထဲမှ မိခင်၏လှမ်းပြောသံကြောင့် သူဖတ်လက်စစာအုပ်အား ခဏ ချကာ နွားတွေကို လှမ်းကြည့်လိုက်သည်။ နွားတွေက လှန်ထားသည့် နေရာမှာပင် ရှိနေကြဆဲပင်။

"ရှိတယ် အမေ"

"အေး...အေး၊ တစ်ချက် တစ်ချက် လှမ်းကြည့်ဦး၊ သူများကိုင်းတွေ ဝင်စား နေဦးမယ်"

အများစုကိုင်းရိတ်သိမ်းချိန် မိုးအခါဖြစ်ပေမဲ့ တချို့မိုးစပါး၊ မိုးပြောင်းချထား သူများကလည်း ရှိလေသည်မို့ နွားတွေကို စိတ်တိုင်းကျ လွှတ်ထားလို့မရ။ သူ စာ အုပ်လေးကို ပြန်ကိုင်လိုက်သည်။ နောက်တစ်ပတ် သောကြာနေ့ဆိုလျှင် သူ အဌမ တန်း စတက်ရတော့မည်။ မနေ့က ကျောင်းသွားအပ်ခဲ့ပြီး ဖတ်စာအုပ်တွေ ရလာ သည်မို့ သူ အရမ်းဖတ်ချင်နေခဲ့သော မဟော်သဓာစီရင်ခန်းတွေကို သည်တစ်မနက် လုံး ထိုင်ဖတ်ကြည့်နေခဲ့လိုက်သည်။

အမျိုးမျိုးမရိုးနိုင်သော ပြဿနာအမျိုးမျိုးအား ဘုရားလောင်း မဟော်သဓာ ၏ဖြေရှင်းနည်းများမှာ ကြားဖူးနားဝသိထားပြီးဖြစ်သည့်တိုင်အောင် ဆယ့်လေးနှစ် အရွယ်သူ့အဖို့ အဆက်မပြတ် ဖတ်ရှုသွားမိစေဖို့ ဆွဲဆောင်နိုင်ခဲ့သည်။ ထမင်းပြ ဿနာစီရင် ခန်းတွင်မူ သူ့၏အတွေးအာရုံကို နက်နက်နဲနဲ အလုပ်ပေးမိစေသော ဝေါဟာရ တစ်ခုကိုတွေ့သည်။ နပုံသကပဏ္ဍုက်ဟူသော ဝေါဟာရပင်။
ခက်ဆစ်အဓိပ္ပါယ်တွင်တော့ ယောက်ျားကိုယ် မိန်းမကိုယ် မကွဲပြားသောသူဟု ဆိုထားသည်။

တကယ်ပဲ ထိုကဲ့သို့ မထင်ရှားသောလူဆိုတာ ရှိလေသလား။ ဒါမှမဟုတ် ရွာထဲက အမျိုးသားတစ်ယောက်လိုသာ အမြဲနေတတ်သောမကေလိုလူမျိုးကိုပြောခြင်း လေလား။ သူ သဲသဲကွဲကွဲမသိပါ။ တစ်ခါကတော့ သတင်းစာထဲတွင် မိန်းကလေး အဖြစ် မွေးဖွားခဲ့ရာမှ ယောက်ျားလေးအဖြစ် လိင်ပြောင်းလဲသွားသူ တစ်ဦးအ ကြောင်းတော့ သတ်ဝေ ဖတ်ဖူးသည်။

ဖတ်နေရင်း မှောင်လာသလို ခံစားချက်ကြောင့် ကောင်းကင်ကို မော့ကြည့် လိုက်တော့ မိုးဦးရာသီ၏သဘာဝ တိမ်ညိုတိမ်မဲတွေက ကောင်းကင်ပြာ၌ တလိမ့် လိမ့်။ သတ်ဝေ စာအုပ်ကို လွယ်အိတ်ထဲ ပြန်ထည့်လိုက်ပြီး...

ပါးစပ်ရာဇဝင်လေးဖြစ်ခဲ့သည်(ပါးစပ်ရာဇဝင်လေးဖြစ်ခဲ့သည်)-RepublishingWhere stories live. Discover now