Chapter-12

4.3K 472 28
                                    

(Unicode)

၂၀၀၈ ခုနှစ်၊ အေပရယ်လ ၁၂ ရက်။

ပူပြင်းသော နွေရာသီ၏နေ့လယ်ခင်းတွင် သင်္ကြန်မိုးက အကြောင်းမကြားဘဲ ရွာသွန်းဖြိုးသည်။ ပန်းပိတောက်တို့တော့ သိပ်ကိုပျော်နေရှာတော့မည်။

“တစ်နှစ်တွင် သည်တစ်လပေပ

တစ်လတွင် တစ်ရက်တည်း

ခက်ခဲတဲ့ရက်ဗုဒ္ဓါ

ပွင့်ရှာကြ ဆုံမြိုင်တွင်း”

ဆိုသည့်အတိုင်း တော်ဝင်ပန်းပိတောက်တို့က မနက်ဖြန်ဆို ထိန်ထိန်ညီးနေ တော့မည်။

သင်္ကြန်သီချင်းသံများကလည်း ဟိုဟိုသည်သည်ကြားနေရသည်။ သင်္ကြန်အ ကြိုနေ့အတွက် အမေကလည်း သင်္ကြန်ကြို ပန်းအိုးလေးကိုထိုးကာ အိမ်ရှေ့၌ တင် ထားသည်။ သတ်ဝေတို့  ငယ်ငယ်ကတော့  ထိုပန်းအိုးထဲမှာ သကြားမင်း  တကယ်

ပုန်းနေမလားဟူ၍ ရှာဖွေဖူးကြသည်။

တောဓလေ့သဘာဝအရ ယုံတမ်းစကားများက သိပ်ပေါသည်လေ။ ထို့ပြင် သင်္ကြန်ကာလဆို သတ်ဝေတို့ ဧရာဝတီမြစ်ကြီးက လူစားသည်ဟု နာမည်ကြီးခဲ့ သေးသည်။ သင်္ကြန်တွင် လူအများက အပျော်အပါးလိုက်စား၍ မူးရူးကာ ရေထဲ ဆင်းကြရင်း တစ်နှစ်ကို တစ်ယောက်နှုန်းလောက် အသက်ဆုံးတတ်ကြသည်။ ဒါ ကိုပင် မြစ်ကစားသည်ဟု လူအများက ယုံကြည်ကြသည်။ သတ်ဝေကတော့ မယုံ သည်လည်းမဟုတ်၊ ယုံသည်လည်းမဟုတ်ပါ။ မမြင်နိုင်တဲ့အရာတွေကိုတော့ ရမ်း သမ်းမပြောရဲပါ။ သို့ပေမဲ့ ဧရာဝတီမြစ်ကြီးကိုတော့ ယုံသည်။ သတ်ဝေ သိပ်ချစ်ရ တဲ့မြစ်ကြီးမိုလို့ပါ။

သင်္ကြန်ကာလတွင် ရွာမှာက စတုဒိသာမဏ္ဍပ်လည်း အရမ်းပေါသည်။ မုန့် လုံးရေပေါ်၊ ရွှေရင်အေးအစရှိသဖြင့်ကျွေးမွေးကြသည်။ သင်္ကြန်အကျနေ့တွင် သက် ဦးထိုက်တို့အိမ်မှာတောင်စတုဒိသာကျွေးမည်ဖြစ်၍ သတ်ဝေသွားဖို့စီစဉ်ထားသည်။ အမေကလည်း ကွင်းထဲရှိအိမ်အချို့မှ စတုဒိသာကျွေးမွေးရာတွင် ဝိုင်းဝန်း ကူညီနေ သည်။ အဖေကတော့ အရက်လေးတမြမြပေါ့။

ပါးစပ်ရာဇဝင်လေးဖြစ်ခဲ့သည်(ပါးစပ်ရာဇဝင်လေးဖြစ်ခဲ့သည်)-RepublishingWhere stories live. Discover now