Chapter-41

3.6K 400 57
                                    

(Unicode)

ပတ်ဝန်းကျင်တစ်ခုလုံးဟာ မြူခိုးများဖြင့် အုံ့ဆိုင်းနေသည်။ အရပ်လေးမျက်နှာကို မှုံမှုံမှိုင်းမှိုင်းသာ တွေ့မြင်ရပြီး မြူနှင်းများအလယ်မှာ သတ်ဝေတစ်ယောက်တည်းသာ။ထိုစဥ် သူ၏ အရှေ့တည့်တည့်၌ လူရိပ်တစ်ခုကို လှမ်းမြင်လိုက်ရသည်။ တဖြည်းဖြည်းနီးကပ်လာသော လူရိပ်က သူနဲ့ လှမ်း၍မြင်သာသော နေရာတွင် ရပ်တန့်သွားသည်။ ထိုသူ၏မျက်နှာကို သည်းသည်းကွဲကွဲမြင်လိုက်ရချိန်မှာ သတ်ဝေ  ပျော်ရွှင်သွားသည်။

"အစ်ကို"

အစ်ကိုက သူ့ဆီလာဖို့ သတ်ဝေကို လက်လှမ်းခေါ်သည်။ ဝမ်းသာအားရ အစ်ကို့ဆီသွားဖို့ခြေလှမ်းအပြင်...

"ဖေဖေ"

နူးညံ့သော ဆည်းလည်းသံပမာ နောက်ပါးဆီမှ ထွက်ပေါ်လာသောခေါ်သံ။ လှည့်ကြည့်လိုက်တော့ လေးဘက်ထောက်အရွယ်သားဟာ ခြေလေးဆင်းချပြီးထိုင်ကာ သူ့ကို ဖေဖေ ဟုလှမ်းခေါ်နေသည်။ သားဟာ စကားတောင်မပြောတတ်သေးသည့်အရွယ်မှာ သူ့ကို ဖေဖေဟုခေါ်လိုက်သည်လား။ ရင်ခုန်ပျော်ရွှင်မှုနှင့်အတူ သားဆီသွားဖို့​ခြေလှမ်းပြန်လှမ်းမိသည်။ ထိုစဥ်

"အလင်း...ကိုယ့်ဆီလာခဲ့ပါ"

အစ်ကို့အသံက တောင်တွေအဆင့်ဆင့်ဖြတ်ကျော်လာရသလို ပဲ့တင်ထပ်လျက်သူ့နားသို့ ရိုက်ခတ်သည်။

သားကိုကြည့်တော့လည်း သားက သူ့ကို မျက်လုံးများမှိတ်သည်အထိရီပြနေသည်။

သူ အစ်ကိုနှင့်သားအား တစ်လှည့်စီကြည့်ရင်း မည်သူ့ဆီသွားရမလဲ ဝေခွဲမရဖြစ်နေမိသည်။ ထိုစဥ် သား၏အနောက်မှ အရိပ်မည်းကြီးတစ်ခုပေါ်လာကာ သားကိုပွေ့ချီသွားသည်။ ရီမောနေသော သားက အလန့်တကြားအော်ငိုတော့သည်။ စိုးရိမ်စိတ်ဖြင့်သားဆီသို့ပြေးအသွား အစ်ကို့၏ အော်သံကိုကြားလိုက်ရသဖြင့် လူက အနောက်သို့လှည့်ကြည့်မိသွားသည်။ အစ်ကို့အပေါ်သို့ ဖုံးလွှမ်းသွားသော ဧရာမ ရေလှိုင်းလုံးကြီးတစ်ခု။

"အစ်ကို့"

အလန့်တကြား အော်ခေါ်လိုက်မိသည်။

တစ်ဖက်တွင်လည်း သားကို ထိုအရိပ်မည်းက ခေါ်ဆောင်သွားကာ မြင်ကွင်းမှပျောက်ကွယ်သွားသည်။

ပါးစပ်ရာဇဝင်လေးဖြစ်ခဲ့သည်(ပါးစပ်ရာဇဝင်လေးဖြစ်ခဲ့သည်)-RepublishingWhere stories live. Discover now