Chapter-3

5K 613 53
                                    

(Unicode)

၂၀၀၇ ခုနှစ်၊ ဇွန်လ ၂ ရက်။

မြစ်နံဘေး ကိုင်းမြေတွေမှ နေရာယူထားသော လမ်းလေးတစ်လျှောက် သတ် ဝေ စက်ဘီးနင်းလာခဲ့သည်။ မြစ်ရေပြင်ကိုဖြတ်လာသော အနောက်တောင်လေအေး အေးတဖြူးဖြူးကြောင့် သတ်ဝေ၏ အဝတ်အစားများသည် လေထဲ၌ တဖျတ်ဖျတ် လွင့်နေသည်။

ယနေ့နေ့လယ် သက်ဦးထိုက်တို့နှင့် ရွာဗီဒီယိုရုံမှာ ဗီဒီယိုကြည့်ဖို့ ချိန်းထား သည်။ သတ်ဝေသည် အိမ်နေရင်း ဂျေဂျေဘောင်းဘီတိုကိုဝတ်ထားသည်။ အောက် ခံဝတ်ထားသော တီရှပ်အပြာရောင်အပေါ်မှ အပေါ်ဝတ် လက်ရှည်အဖြူရောင်ကို နေရောင်ဒဏ်ကို ကာကွယ်ဖို့အတွက် ထပ်ဝတ်ထားသည်။ နွားကျောင်းရင်းလွယ် သောလွယ်အိတ်အသေးလေးကို ကြိုးထုံးပြီး ဘေးတစောင်းလွယ်ထားသည်။ လွယ် အိတ်ထဲ၌ တက္ကသိုလ်ဘုန်းနိုင်၏ တပြည်သူမရွှေထားစာအုပ်ကို ထည့်ထားသည်။ နေ့လယ် ဗီဒီယိုကြည့်ပြီးချိန်မှ မြစ်ကမ်းနားမှာ သွားထိုင်ပြီးဖတ်မည်ဟု ရည်စူး ထားသည်။

စက်ဘီးကို အဘွားတို့အိမ်၌ရပ်ခဲ့ပြီး သက်ဦးထိုက်တို့နှင့် ဗီဒီယိုရုံ၌ဆုံသည်။

ရွာဗီဒီယိုရုံသည် ပေ ၃၀၊ ၆၀ ခန့်ရှိသော ဓနိမိုး၊ ထရံကာဂိုထောင်ရုံမျိုးကဲ့သို့ ဖြစ်သည်။ မြေကြီးပေါ်တွင် ဗီဒီယိုကြည့်သူများ ထိုင်စေရန် ကျူဖျာများခင်းထား သည်။ ဟိုဘက်သည်ဘက် ဘေးနှစ်ဖက်တွင် မညီမညာသစ်သားများဖြင့် ခုံတန်းသ ဖွယ်ပြုလုပ်ထားသည်။ ထိုခုံများတွင် အများအားဖြင့် ယောက်ျားလေးများသာ ထိုင် လေ့ရှိသည်။ သတ်ဝေတို့လည်း ဘယ်ဘက်ခုံတန်း၌ ဝင်ထိုင်လိုက်သည်။

ဗီဒီယိုမပြမီတွင် ရွာရှိကာလသားများက ကာရာအိုကေ ဆိုလေ့ရှိသည်။ သည် နေ့လယ်း ကာလသားတွေသီချင်းဆိုပြီးမှ ဥက္ကဌရောက်လာပြီး ယနေ့အတွက် ငှား ထားသော ဗီဒီယိုကားကိုပြသည်။

ကားနာမည်က “နေက မွေးတဲ့လ” တဲ့။ မင်းသားက ကျော်ဟိန်း၊ မင်းမော် ကွန်းနဲ့ မင်းသမီးက အာကာ့အသဲအိန္ဒြာကျော်ဇင်ဖြစ်သည်။ မွေးစားသားအပေါ်မှာ တောင်ထားသော မိဘမေတ္တာကို ရိုက်ပြထားသည့် မေတ္တာဘွဲရုပ်ရှင်ကားမျိုးဖြစ် သည်။

ပါးစပ်ရာဇဝင်လေးဖြစ်ခဲ့သည်(ပါးစပ်ရာဇဝင်လေးဖြစ်ခဲ့သည်)-RepublishingWhere stories live. Discover now