Chapter-21

2.7K 438 57
                                    

(Unicode)

ညနေ ၂နာရီခန့်ကတည်းက သတ်ဝေ ရေမိုးချိုးပြင်ဆင်ရသည်။ အဘွားတို့ကိုမူ သူငယ်ချင်းတွေနှင့် အပြင်သွားမည်ဟု ပြောထားသည်။

မည်မျှပင်ရင်းနှီးနေစေကာမူ ချစ်သူအရှေ့မှာတော့အမြဲ ကြည့်ကောင်းနေချင်သည်။ အစ်ကိုနှစ်သက်သည်ဆိုသော ရှင်မတောင် သနပ်ခါးကို အရည်ခပ်ကျဲကျဲသွေးကာ ခပ်ပါးပါးပွတ်လိုက်သည်။ ဆရာလုပ်တော့ ပုဆိုးဝတ်တာ အသားကျနေပြီမို့ အပြာနုရောင်ရှပ်ကွက်ကို ပုဆိုးနှင့်တွဲဖက်ဝတ်လိုက်သည်။ ဖြူသောအသားအရေနှင့် အပြာနုရောင်က လိုက်ဖက်လွန်းနေသည်။ ခေါင်းလျှော်ပြီးခါစ ဆံပင်တို့ကို ရေခြောက်အောင်သုတ်လိုက်ပြီး ဘေးခွဲဖြီးလိုက်သည်။

အားလုံးပြင်ဆင်ပြီးချိန် မမယုက သူငယ်ချင်းထဲမှာ ဘယ်ကောင်မလေးပါလဲဟု ပြုံးစစဖြင့်မေးလာသည်။

သုံးနာရီကွက်တိတွင်အစ်ကိုက အိမ်ရှေ့သို့ဆိုင်ကယ်ဖြင့်ရောက်လာသည်။ ထူးထူးခြားခြားအစ်ကိုက mask တပ်ထားသည်။ ဦးထုပ်လည်းဆောင်းထားသည်။ အပေါ်အင်္ကျီလည်း ထပ်ဝတ်ထားသည်။

ကိုယ့်ချစ်သူမိုလို့ မှတ်မိခြင်းသာ။ တစ်ခြားလူဆို ရုတ်တရတ်မှတ်မိနိုင်မည်မဟုတ်။ အဘွားတို့ကလည်း သတ်ဝေနှင့် ရွယ်တူသူငယ်ချင်းဟုထင်နေကြပုံရသည်။ အိမ်ထဲဝင်ဖို့ခေါ်နေသေးသည်။

အစ်ကိုကလည်း အားနာနာနှင့် ငြင်းလေသဖြင့် သတ်ဝေ အဘွားတို့ကို နှုတ်ဆက်ပြီး အစ်ကို့ဆိုင်ကယ်နောက်က လိုက်ခဲ့လိုက်သည်။

လမ်း၌ အစ်ကိုက သတ်ဝေကိုရစ်သေးသည်။ "ဘယ်သူ့အတွက် အဲလောက်ပြင်လာတာလဲ"တဲ့။

"ကျွန်တော့်မှာ ဘယ်နှစ်ယောက်ရှိလို့လဲ၊ဟောဒီ အစ်ကို အေးချမ်းမင်းမြတ်တစ်ယောက်ပဲရှိတာ၊ကျိန်းသေပေါက် အစ်ကို့အတွက်ပဲပေါ့"ဟုပြောတော့မှ ပြုံးဖြီးဖြီးနှင့်ကျေနပ်သွားသည်။

အစ်ကိုက ဆိုင်ကယ်ကို အဖျောက်မြစ်ကမ်းနားဆိပ်သို့ဦးတည်မောင်းလာသည်။

"အစ်ကို ဘယ်သွားမလို့လဲ"

"ဟိုရောက်ရင်သိလိမ့်မယ်"

ပါးစပ်ရာဇဝင်လေးဖြစ်ခဲ့သည်(ပါးစပ်ရာဇဝင်လေးဖြစ်ခဲ့သည်)-RepublishingWhere stories live. Discover now