Chapter-29

2.6K 387 66
                                    

(Unicode)
2017 ခုနှစ်၊ နိုဝင်ဘာ။

အချိန်ရထားသည် သူ့တာဝန်ဝတ္တရားအတိုင်း လည်ပတ်ကုန်ဆုံးနေသည်။ ညနေအချိန် ဝင်ခါနီးဆဲဆဲ နေလုံးကြီးသည် ပုဇွန်ဆီရောင် ဆည်းဆာအလှကိုဖန်တီးလျက် တစ်နေ့တာကို နှုတ်ဆက်ဖို့ အသင့်ပြင်နေသည်။ မြို့၏ညနေဆည်းဆာသည် တော၏ညနေဆည်းဆာလိုပဲ တမူထူးခြားကာလှပသည်။ အရွယ်အစားစုံလင်သော ကားများ၊ ဆိုင်ကယ်၊ ဆိုက်ကားများ၊ ဦးတည်ချက်အမျိုးမျိုးဖြင့် သွားလာနေကြသော လူများ။ တော၏ညနေဆည်းဆာက အေးချမ်းစွာလှပသလို၊ မြို့၏ညနေဆည်းဆာကလည်း လှုပ်ရှားအသက်ဝင်ကာ နေမဝင်ပန်းချီကားတစ်ချပ်လို။

အိမ်လေး၏ ပြတင်းပေါက်ဘေး စာကြည့်စားပွဲလေး၌တစ်နေ့တာ၏ လက်ကျန်အလင်းရောင်ကိုအားပြု၍ သတ်ဝေ စာအုပ်တစ်အုပ်အားဖတ်နေသည်။ စာအုပ်ထဲစိတ်ရောက်နေသဖြင့် မီးထဖွင့်ဖို့အာရုံမရ။ ထိုစဥ်အိမ်ပေါ်သို့တက်လာသော ခြေသံဖွဖွကိုကြားရသည်။ တစ်စုံတစ်ယောက်မှန်းခြေသံကို နားထောင်ရုံဖြင့် တန်းသိလိုက်သည်။

"မောင်ရေ"

ဟုတ်ပါသည်။ ထိုတစ်စုံတစ်ယောက်သည် ကျွန်တော့ချစ်သူ ချမ်းမြသီတာဆိုသောအမျိုးသမီးပါ။ နှလုံးသားနှင့် ဦးနှောက်လွန်ဆွဲပွဲမှာ ကျွန်တော်ဦးနှောက်ကို အနိုင်ပေးခဲ့သည်။

ကံကောင်းသည်ပဲဆိုရမလား...။ ကံဆိုးသည်ပဲဆိုရမလား....။ သူမမိသားစုက မထင်မှတ်ထားလောက်အောင် ကျွန်တော့်အပေါ် နွေးထွေးကြိုဆိုခဲ့တယ်။ အထပ်ထပ်ရစ်နှောင်တဲ့ ကြိုးတွေလိုပေါ့။ နားလည်မှုနဲ့ တည်ဆောက်ခဲ့တဲ့ relationship တစ်ခုဟာနှစ်နှစ်ကျော်ထိခိုင်မြဲခဲ့ပါပြီ။ ကျွန်တော် ရွေးချယ်မှုနဲ့ပတ်သက်လို့ ကျွန်တော်နောင်တမရနိုင်အောင်ကို သူမက ကျွန်တော့်အပေါ်ချစ်ပေးခဲ့သည်။

"မောင် လုပ်ပြန်ပြီ၊ မီးမဖွင့်ပြန်ဘူး"

စကားသံနှင့်အတူ ချောက်ဟုသော မီးခလုတ်ဖွင့်သံကြားရသည်။ အိမ်လေးထဲ လျှပ်စစ်မီးသီးမှမီး အလင်းရောင်က ဖြန့်ကျက်သွားသည်။

"မောင် အဲလိုတွေ ကြပ်ကြပ်လုပ်၊ မောင်မျက်မှန်တပ်ရရင် ပုလင်းဖင်လောက် တပ်နေရမယ်"

ပါးစပ်ရာဇဝင်လေးဖြစ်ခဲ့သည်(ပါးစပ်ရာဇဝင်လေးဖြစ်ခဲ့သည်)-RepublishingWhere stories live. Discover now