Chapter-19

2.9K 418 37
                                    

(Unicode)

ချစ်သူတွေရယ်လို့ ဖြစ်လာတော့ လွမ်းရ၊ ဆွေးရသည်က ယခင်ထက်ပိုဆိုးလာသည်။ ခွဲရမည်ဆိုတော့လည်း တသသ။ လွမ်းရမည်ဆိုတော့လည်း တသသ။

အချစ်ဆိုသည့်အရာ၏အနောက်မှာ အလွမ်းက အရိပ်သဖွယ်လိုက်သည်။ လမ်းပန်းဆက်သွယ်ရေးလည်း မချောမွေ့သေးသကဲ့သို့ online ဆက်သွယ်ရေးလည်း မတွင်ကျယ်သေးသည့် အချိန်ကာလမှာ အလွမ်းဖြေစရာက အတူရှိခဲ့သော အမှတ်တရများသာ။

တစ်ခါ​တလေ ကြယ်တွေကတဆင့် အစ်ကို့ကို စကားပြောသည်။

အိပ်မရသည့်ညတွေမှာ အစ်ကိုလည်း သူ့ကို သတိရနေသည်ဟု တထစ်ချ သတ်မှတ်သည်။

အစ်ကိုနဲ့ သတ်ဝေ ချစ်သူဖြစ်သွားတဲ့အကြောင်း သက်ဦးထိုက်ကို ပြောပြတော့ အစကမယုံ။ သတ်ဝေ အတည်ပေါက်ပြောတော့မှ လက်ခံသည်။

"မင်းအတွက် ငါဝမ်းသာပါတယ် သတ်ဝေ၊ ဒါပေမဲ့ မင်းတို့နှစ်ယောက်ရဲ့အချစ်က ထင်သလောက်မရိုးရှင်းဘူး၊ မင်းတို့ရင်ဆိုင်ရမှာအများကြီးပဲ၊ ပတ်ဝန်းကျင် ခဏထားဦး၊ အရင်ဆုံး မင်းမိဘ၊သူ့မိဘ၊မင်းခံနိုင်ရည်ရှိဖို့လိုမယ်"

သက်ဦးထိုက်၏ပြောစကားမျာက သတ်ဝေကို ငိုင်ကျသွားစေခဲ့သည်။ အမှန်လည်း သူအများကြီးမတွေးခဲ့ပါ။ သူအစ်ကို့ကို ချစ်သည်။ အစ်ကိုကလည်း သူ့ကိုချစ်သည်။ထိုမျှသာပင်။ အခြား မည်သည့်ခံယူချက်မှမရှိ။

ဆယ်ကျော်သက်အရွယ်မို့ အချစ်ကို တစ်ဘဝလို့ထင်နေသည့် အချိန်ဟုပင်ဆိုရမည်လား။

"ငါ သေချာမသိသေးဘူး သက်ဦးထိုက်၊ငါအစ်ကို့ကို ယုံတယ်၊အစ်ကို ဆုံးဖြတ်သမျှ ငါလက်ခံမယ်၊အစ်ကိုပြောသလိုပဲ ငါလိုက်လုပ်မယ်၊အစ်ကို ငါ့အနားမှာရှိနေသ၍ အားလုံးကိုငါရင်ဆိုင်မယ်"

ချစ်ပြီးမှတော့ ကျွန်တော်သည် မည်သည့်အကြောင်းနှင့်မှ နောက်ဆုတ်မည်မဟုတ်ပါလေ။

***************

၂၀၁၀ ခုနှစ်၊အေပရယ်လ်လ။

"မာမီ၊သား ဒီနှစ် သင်္ကြန် အဖျောက်သွားချင်လို့"

"သား အဖျောက်ကို အရမ်းသဘောကျနေတယ်နဲ့ထင်တယ်၊ ခဏခဏသွားနေတယ်နော်"

ပါးစပ်ရာဇဝင်လေးဖြစ်ခဲ့သည်(ပါးစပ်ရာဇဝင်လေးဖြစ်ခဲ့သည်)-RepublishingWhere stories live. Discover now