Chapter-5

4.2K 532 40
                                    

(Unicode)

၂၀၀၇ ခုနှစ်၊ ဇွန်လ ၁၁ ရက်။

ညတုန်းကပြဿနာကြောင့် ဒီနေ့မနက် ကျောင်းရောက်တော့ သတ်ဝေ မျက် နှာသိပ်မကောင်းလှပါ။ သတ်ဝေ အိမ်အကြောင်းကို အားလုံး နားလည်ထားသော သက်ဦးထိုက်နှင့်အာကာကလည်း အလိုက်တသိ တိတ်ဆိတ်နေသည်။

တိတ်ဆိတ်နေသည်ဆိုတာထက် သတ်ဝေပျော်လာအောင် မည်သို့လုပ်ပေးရ မလဲ စဉ်းစားနေကြခြင်းဖြစ်သည်။

“သတ်ဝေ”

“အင်း”

“အဲဒါ ဘာစာအုပ်လဲ”

“ဝတ္ထုစာအုပ်”

“ဟုတ်လား၊ ဘာဝတ္ထုလဲ”

သတ်ဝေ သက်ဦးထိုက်ကို တစ်ချက် အံ့ဩစွာကြည့်လိုက်ပြီးနောက် ရယ်ချင် သွားသည်။ သူတစ်သက် စိတ်မဝင်စားဖူးတဲ့စာအုပ်ကို သတ်ဝေနှင့်စကားပြောရဖို့ အတွက် စိတ်ဝင်စားပြရှာသည်။

အမှန်တကယ်တော့ သတ်ဝေ အဆင်ပြေပါသည်။ အိမ်တွင်းအပူ အိမ်ပြင်မယူ ဆိုသလို သတ်ဝေ အိမ်ကကိစ္စအိမ်မှာပဲထားခဲ့ပြီးသားဖြစ်သည်။ ညက အိပ်ရေးပျက် ထား၍ လူက နည်းနည်းနွမ်းနေခြင်းသာဖြစ်သည်။ အမေ့အတွက်လည်းစိတ်မပူပါ။ အဖေက အခုချိန်လောက်ဆိုအမူးပြေနေပါပြီ။ အဖေက မမူးရင် အမေ့ကို လက်ဖျား နဲ့တောင် မထိတတ်ဘူးလေ။

သို့ပေမဲ့ သက်ဦးထိုက် စာအုပ်အကြောင်း စိတ်ဝင်စားသည်က သိပ်ကိုရှား သည်မို့ အခွင့်အရေးရတုန်း သက်ဦးထိုက်ကို ဆရာလုပ်ဖို့ဆုံးဖြတ်လိုက်သည်။

“သူ့ကျွန်မခံပြီ”

“ဟုတ်လား၊ ကြားဖူးသလိုပဲ”

“ကြားဖူးမှာပေါ့၊ ဇာတ်ကားရှိတယ်လေ”

“ဟုတ်လား...အာ မှတ်မိပြီ၊ ကျော်သူတို့၊ လွင်မိုးတို့ သရုပ်ဆောင်ထားတဲ့ ကားမဟုတ်လား၊ ဘိတ်ဆုံး သီပေါမင်းပါတော်မူတဲ့အခန်းတွေဆို ငါတို့တောင် ဘုမ သိငိုခဲ့ရသေးတယ်လေ”

“ဘုမသိ၊ ဘမသိငိုတာမဟုတ်ဘူးလေ။ တကယ်ကိုငိုသင့်တာ။ တစ်နိုင်ငံလုံး ရဲ့အရှေ့မှာ ငါတို့ဘုရင်ကို ကြက်ကလေး၊ ငှက်ကလေးဖမ်းသလို ခေါ်သွားတာခံခဲ့ရ တာ။ အဲဒီအချိန်က လူတွေဆို ဘယ်လောက်တောင် ဝမ်းနည်းရမလဲ။ စာထဲမှာဆို မင်းတုန်းမင်းကြီး ကိုယ်တိုင်တောင် အားကိုးခဲ့ရတဲ့ ညောင်ရမ်းမင်းသားဆိုလည်း သူများတိုင်းပြည်မှာ လူမသိသူမသိသေခဲ့ရတယ်။ ဖြစ်သင့်လား မင်းစဉ်းစားကြည့် စမ်းပါ”

ပါးစပ်ရာဇဝင်လေးဖြစ်ခဲ့သည်(ပါးစပ်ရာဇဝင်လေးဖြစ်ခဲ့သည်)-RepublishingWhere stories live. Discover now