Chapter-27

2.4K 379 32
                                    

(Unicode)

၂၀၁၅ ခုနှစ်၊ စက်တင်ဘာလ။

မျက်စိရှေ့မှ အမျိုးအစားစုံလင်လှသော စာအုပ်များကို လက်ချောင်းသွယ်သွယ်လေးများနှင့် ထိတွေ့ကာ ဖတ်ချင်မည့်စာအုပ်ကိုရှာနေမိသည်။ လှည်းတန်းစင်တာရှိ ဤစာအုပ်ဆိုင်သည် သတ်ဝေ မကြာခဏလာရောက်သဖြင့် ဆိုင်ပိုင်ရှင်အစ်မနှင့်တောင် မျက်မှန်းတန်းမိနေပြီဖြစ်သည်။

တက္ကသိုလ်ဘုန်းနိုင်အသည်းစွဲမို့ တက္ကသိုလ်ဘုန်းနိုင်၏ စာအုပ်ကဏ္ဍနားတွင်သာ လက်က ဝဲလည်ဝဲလည်။

"သတ်ဝေ"

"အာ..."

အရှေ့ကို အာရုံဝင်စားနေတုန်း ရုတ်တရတ်နောက်ပါးဆီမှ ခေါ်သံကြောင့် အယောင်ယောင်အမှားမှားဖြင့် လက်ထဲကစာအုပ်တောင်ပြုတ်ကျသည်။ လှည့်ကြည့်လိုက်တော့

"ဟင် ဝေဝေမိုး"

မျက်လုံးများမှိတ်သည်အထိ သူ့ကိုရယ်ပြနေသော ဝေဝေမိုး။ လန့်လိုက်တာဟုဆိုမိရင်း ပြုတ်ကျသွားသော စာအုပ်ကို ကုန်းကောက်လိုက်ကာ စင်ပေါ်ပြန်တင်လိုက်သည်။

"ထပ်တွေ့ပြန်ပြီ သတ်ဝေ၊နင်နဲ့ငါ ရေစက်ပါတယ်ထင်တယ် အဟီး"

"အမ်...အေးပါဟာ၊နင်စာအုပ်လာဝယ်တာလား"

"အင်း ဟုတ်တယ်၊ဒါနဲ့ နင်တစ်ယောက်တည်းလား"

"ဟုတ်တယ်၊ငါလည်း ဂျူတီနားတာနဲ့ စာအုပ်လေးဘာလေးလာဝယ်တာ"

"သြော်၊ငါလည်းတစ်ယောက်တည်းပဲ၊ နင်အချိန်ရသေးလား၊ငါတို့ တစ်ခုခုဝင်စားကြမယ်လေ၊အရင်တစ်ခါနင်နဲ့တောင် စကားသေချာမပြောလိုက်ရဘူး"

"အင်း သွားတာပေါ့၊အခုတော့ ခဏလေး၊ငါစာအုပ်ရွေးလိုက်ဦးမယ်"

"ရွေး..ရွေး၊ငါလည်း ရွေးဦးမယ်"

နှစ်ယောက်လုံး စာအုပ်ရွေးပြီးနောက် ဝေဝေမိုး၏ဦးဆောင်မှုဖြင့် August ဆိုသော ဆိုင်မှာထိုင်ဖြစ်ကြသည်။ များပြားလှသော ဝေဝေမိုး၏အထုပ်များကိုလည်း သတ်ဝေ ဝိုင်းကူဆွဲပေးရသည်။

"ဘာအထုပ်တွေလည်း ဝေဝေမိုး"

ဆိုင်မှာထိုင်မိသည့်အချိန်မှာ မစပ်စုဘူးဟုဆုံးဖြတ်ထားသော်လည်း သိချင်စိတ်ကြောင့်မေးလိုက်မိသည်။

ပါးစပ်ရာဇဝင်လေးဖြစ်ခဲ့သည်(ပါးစပ်ရာဇဝင်လေးဖြစ်ခဲ့သည်)-RepublishingWhere stories live. Discover now