Chapter-16

2.8K 445 35
                                    

(Unicode)

"ဝေဝေမိုး.....ကြည်နူးမေ....."

အရှေ့မှ ဆရာမ၏ နာမည်ခေါ်သံနှင့်အတူ ဝေပေးနေသော report cardလေးများကို ကြည့်၍ သတ်ဝေ စိတ်လှုပ်ရှားနေမိသည်။အရင်လက သတ်ဝေလည်း အစွမ်းကုန်ကြိုးစားခဲ့ပေမယ့် ငါးမှတ်နှင့် ကပ်၍ 1 to 10​ပြုတ်ခဲ့သည်။အစ်ကို့ကို အားနာစိတ်နဲ့တောင်းပန်ခဲ့မိတော့ နောက်လကြိုးစားတဲ့။ထို့ကြောင့် ဒီလတော့ သတ်ဝေ သေချာစာလုပ်ခဲ့သည်။

"သတ်ဝေလင်း.."

သူ့၏နာမည်ခေါ်သံနှင့်အတူ လက်ထဲရောက်လာသော report cardလေး။စိတ်လှုပ်ရှားစွာဖြင့် အမှတ်များကိုကြည့်လိုက်တော့ Myanmar 21,English 22,Maths 25,Chem 23,Physics 22,Bio 24....စုစုပေါင်း137မှတ် အဆင့် 7တဲ့။

သတ်ဝေပျော်လွန်း၍ လက်သီးလက်မောင်းပင် တန်းမိသွားသည်။အစ်ကို အရမ်းပျော်သွားမှာဟုတွေးရင်း report cardလေးကို စာအုပ်ကြားညှပ်လိုက်သည်။

နေ့လည်ထမင်းစားဆင်းချိန်ရောက်တော့ သတ်ဝေ ထမင်းတောင် ဖြောင့်ဖြောင့်မစားနိုင်။အစ်ကို့ကိုပဲမျှော်နေမိသည်။

အခန်းဝမှ အစ်ကိုဝင်လာသည်ကိုမြင်သည်နှင့်ပြေးသွားကာ အစ်ကို့လက်ကိုဆွဲ၍ အတန်းထဲသို့ခေါ်လာလိုက်သည်။

"အစ်ကို့ ဒီမှာကြည့်စမ်း..တာ့...ဒါ.."

အစ်ကိုက report cardလေးကို ဆွဲယူကြည့်ပြီး အဆင့်ကိုတွေ့တော့ မျက်နှာက ဖုံးမရဖိမရ ပြုံးသွားသည်။

"တော်တယ် အလင်း၊ဆက်ကြိုးစား"ဟုပြောပြီး report cardကို ပြန်ပေးသည်။

ဟင်...။ဒါပဲလား...။သူအများကြီးကြိုးစားထားတာလေ။ဒီလောက်လေးပဲ ချီးကျူးရလား။သတ်ဝေ အနည်းငယ် ဆူပုပ်ပုပ်ဖြစ်သွားပြီး နေရာမှာထိုင်လိုက်သည်။

အင်းလေ။အစ်ကိုက အဆင့် ၁ ပဲအမြဲရတဲ့သူဆိုတော့ ဒီအဆင့်လောက်ကို ဘယ်စာဖွဲ့ပါ့မလဲ။ဝမ်းနည်းစိတ်နဲ့ မျက်ရည်များက စို့တက်လာသည်။

ထိုစဥ်ခေါင်းပေါ်သို့ ရောက်လာသော ညှင်သာသော လက်တစ်စုံနှင့် သတ်ဝေမျက်စိရှေ့သို့ ရောက်လာသော စာအုပ်လေးတစ်အုပ်။

"Congratulations အလင်း၊အလင်း ဒီအပတ် 1 to 10ဝင်မှာကို ကြိုသိလို့ ကိုယ်အလင်း အတွက် ဝယ်ထားတာ"

ပါးစပ်ရာဇဝင်လေးဖြစ်ခဲ့သည်(ပါးစပ်ရာဇဝင်လေးဖြစ်ခဲ့သည်)-RepublishingWhere stories live. Discover now