Chapter-38

3.1K 382 54
                                    

(Unicode)

မင်းရှင်းသန့် ဖုန်းနှင့် ပတ်သတ်သော အပိုပစ္စည်းဆိုင်ထဲမှ နားကြပ်ဝယ်ပြီး အထွက် လမ်းတစ်ဖက်ခြမ်း၌ လှမ်းမြင်လိုက်ရသော လူနှစ်ယောက်ကြောင့် အံ့အားသင့်သွားရသည်။

ချမ်းနှင့် သည်ကောင်လေးက ဘာလို့ အတူရှိနေတာလဲ။ သူတို့နောက်ကို လိုက်ဖို့ဆုံးဖြတ်ကာ လမ်းမကို ကူးဖို့ပြင်လိုက်သည်။ ထိုစဥ်လူတစ်ယောက်က သူ့ပုခုံးကို ဖြတ်တိုက်ကျော်သွားကာ လမ်းကူဖို့ပြင်လေသည်။ ဖြတ်တိုက်သည့်အရှိန်က အတော်ပြင်းသည့်အပြင် ပြန်လည်း မတောင်းပန်သည်မို့ မင်းရှင်းသန့် စိတ်အချဥ်ပေါက်သွားသည်။ ချမ်းတို့နောက်ကိုလိုက်ဖို့ထက် ထိုလူကို ရန်ထောင်ချင်စိတ်ပိုပေါက်သွားသည်။ လမ်းကူးတော့မည့်ဆဲဆဲသူ့ကို အနောက်မှ အကျီအားဆွဲလိုက်တော့ မျက်မှောက်ကုတ်၍ လှည့်ကြည့်လာသည်။ အသားခပ်ညိုညိုနှင့် ကြည့်ကောင်းလွန်းသော ရုပ်ရည်ရှိသူတစ်ဦးပါ။ အဘယ်ကြောင့် ဤမျှရိုင်းစိုင်းရသနည်း။

"ဒီမှာ ဝင်တိုက်ပြီးတောင်းပန်ရမယ်ဆိုတဲ့အသိမရှိဘူးလား၊ ငယ်ငယ်က ယဥ်ကျေးမှုသင်တန်းမတက်ခဲ့ရဘူးလား"

ထိုလူက စိတ်ရှုပ်ဟန်ဖြင့်

"တောမှာမိုလို့ မတက်ခဲ့ရဘူး"

ခပ်ပြတ်ပြတ်ပြောပြီး ပြန်လှည့်ဖို့ပြင်သောကြောင့် မင်းရှင်းသန့်ကြောင်သွားရသည်။ ရိုင်းလိုက်တာ။ ရုပ်ကလေးနှင့်မှမလိုက်။

"ဒီမှာ မင်း မတောင်းပန်ရင် မသွားရဘူး"

"ဟမ်...ခင်​ဗျားဘယ်လိုဖြစ်နေတာလဲ၊ ဒါလေး မတော်တဆဝင်တိုက်မိတာကို၊ ခင်​ဗျားလုပ်တာ ကျွန်​တော့် သူငယ်ချင်းကို လွတ်တော့မယ်"

"ဘယ်မှာလဲ၊ မင်း သူငယ်ချင်း"

"ဟိုမှာ"

"ဟင်"

သူညွှန်ပြသည်က ချမ်းတို့ရှိရာသို့။

"ဘယ်တစ်ယောက်လဲ အပြာနဲ့တစ်ယောက်လား အစိမ်းနဲ့တစ်ယောက်လား"

"အစိမ်းနဲ့တစ်ယောက်"

"ဟင်...သတ်ဝေလင်းက မင်း သူငယ်ချင်းလား"

ပါးစပ်ရာဇဝင်လေးဖြစ်ခဲ့သည်(ပါးစပ်ရာဇဝင်လေးဖြစ်ခဲ့သည်)-RepublishingWhere stories live. Discover now