Chapter-13

2.8K 462 79
                                    

(Unicode)

သတ်ဝေတို့ ဇလွန်ပြန်လှေလေးက ရွာဆီသို တရိပ်ရိပ်မောင်းနှင်လာခဲ့သည်။လမ်း၌လည်း ​တွေ့သမျှလှေတိုင်းက လှေချင်းယှဥ်တိုင်း မြစ်ရေဖြင့် လှမ်းပတ်ကြသည်။သတ်ဝေနှင့် အေးချမ်းမင်းမြတ်က ယောက်ျားလေးတွေမို့ လှေဦးထိပ်၌ ထိုင်ဖြစ်ကြသည်။

အတော်ကြာမောင်းနှင်ပြီးနောက် လှေလေးက ရွာသို့ ဆိုက်ရောက်လာသည်။ရွာလှေဆိပ်၌ လူများဝိုင်းအုံနေကြသည်။ရေထဲ၌လည်း လူအချို့။

"ဘာဖြစ်တာလဲ မသိဘူး"

လှေပေါ်မှ လူတစ်ဦးက ရေရွတ်သည်။

"ဝေ့ ဘာဖြစ်ကြတာလဲ"

"ရေနစ်လို့"ဟု ကုန်းပေါ်မှ လူတစ်ဦးက ပြန်ဖြေသည်။ သတ်ဝေ စိတ်ထဲ မကောင်းဖြစ်သွားရသည်။ သည်နှစ်လည်း ထပ်သေပြန်ပြီပေါ့။ လှေကို ကမ်းနားစပ်မှာ ကပ်အပြီး ရေစပ်ထိပ်မှာ ငူငူငိုင်ငိုင်ရပ်နေသော သက်ဦးထိုက်ကို တွေ့လိုက်ရသည်။ တစ်ကိုယ်လုံးလည်း ရေတွေစိုရွဲနေသည်။
သတ်ဝေ သက်ဦးထိုက်ဆီသို့ လျှောက်သွားလိုက်သည်။

"သက်ဦးထိုက်..မင်းဘာလုပ်နေတာလဲ"

သက်ဦးထိုက်က သတ်ဝေကို တုန်ရီစွာကြည့်လာသည်။ နှုတ်ခမ်းများက ချမ်းလို့ တဆက်ဆက်တုန်ယင်နေသည်လားမသိ။ သက်ဦးထိုက် မျက်လုံးများက အသက်မဲ့နေသူလို အသိစိတ်လွတ်နေသည်။ ထို့နောက် ခေါင်းကို ခါယမ်းသည်။

"သက်ဦးထိုက် မင်းဘာဖြစ်နေတာလဲ၊ ရေနစ်တာ ဘယ်သူမိုလို့လဲ"

"အမလေး...သားလေးရေ၊ အမေ့သားလေး..."

နောက်ပါးဆီမှ ငိုယိုသံကြောင့် သတ်ဝေ တစ်ကိုယ်လုံးတောင့်တင်းသွားရသည်။ အသံပိုင်ရှင်ကို သိနေသလိုမို့ သတ်ဝေ သက်ဦးထိုက်ရဲ့ အကျီကို တင်းကြပ်စွာ ဆုပ်ကိုင်လိုက်သည်။ လှည့်ကြည့်ဖို့ရာ မဝံ့ရဲ။

"သက်ဦးထိုက် ပြောစမ်း၊ ဘယ်သူရေနစ်တာလဲ၊ ဟမ်....ရေနစ်တာ ဘယ်သူလဲလို့"

သက်ဦးထိုက်၏ပြန်ဖြေသံက တုန်ယင်နေသည်။ ဗလုံးဗထွေးနှင့် တိုးညှင်းလှသည်။ သို့သော် သတ်ဝေ သေချာကြားလိုက်ရသည်။

ပါးစပ်ရာဇဝင်လေးဖြစ်ခဲ့သည်(ပါးစပ်ရာဇဝင်လေးဖြစ်ခဲ့သည်)-RepublishingWhere stories live. Discover now