Chapter-30

2.6K 378 83
                                    

(Unicode)

၂၀၂၀ ခုနှစ်၊ဇန်နဝါရီလ။

"Congratulations ပါ ဦးသတ်ဝေလင်း၊ ခင်ဗျားမိန်းမဟာ သားလေးကို အောင်းမြင်စွာမွေးဖွားပြီး၍ ကလေးရောအမေရောကျန်းမာပါတယ်"

လက်ထဲသို့ရောက်လာသော နီတာရဲပေါက်စလေးကို ပွေ့ချီမိချိန်မှာ တသိမ့်သိမ့်ကြည်နူးသော ခံစားချက်ကဝဲဘက်ရင်အုံတွင် ဖြစ်ပေါ်သည်။မှေးမှိတ်ထားသော မျက်ဝန်းမို့မို့လေးတွေကို ထိတွေ့မိချိန် သွေးသားဟုသော အသိက  သူ့မျက်နှာ၌ နူးညံ့သောအပြုံးတို့ကို ပုံဖော်စေသည်။ဟစိဟစိဖြစ်နေသော ခပ်ရဲရဲနှုတ်ခမ်းတို့က မိခင်နို့ဦးရည်ကိုတောင့်တနေသလို။

"တာရာ...ဖေဖေ့ရဲ့ အလင်းရောင် ကြယ်လေး၊ဖေဖေ့ ဘဝထဲကို ဝင်ရောက်လာပေးခဲ့တဲ့အတွက် ကျေးဇူးတင်ပါတယ် သားလေးရယ်"

မ,နဲ့ နှစ်ဦးသဘောတူမှည့်ထားသော တာရာလင်း ဆိုသော နာမည်လေးကို တဖွဖွရေရွတ်ရင်း သားကို မြတ်နိုးလွန်းစွာ ငေးကြည့်မိသည်။

"အမလေး တစ်လုံးတစ်ခဲကြီးငါ့မြေးလေးက"

မ, အမေ အန်တီ သီတာက သတ်ဝေလက်ထဲမှ သားလေးကို ပွေ့ယူရင်း ဝမ်းသာအားရဆိုသည်။သတ်ဝေလည်း အသာတကြည်ပေးလိုက်ရင်း ဘေးမှရပ်ကြည့်နေသည်။

"အမလေး..အဖေဆီကရော အမေဆီကရော အလှတွေအကုန်စုယူထားတာပဲ ငါ့မြေးက"

သားအချစ်မြေးအနှစ်ဆိုသည့်အတိုင်း မြေးဦးကို တုန်နေအောင် ချစ်ကြတော့သည်။သတ်ဝေလည်း မေမေ့ဆီ ဖုန်းဆက်ဖို့တွေးလိုက်ကာ မေမေတို့ ရိပ်သာမှူးဆီဖုန်းဆက်ပြီး မေမေနှင့် ဖုန်းပြောခွင့်တောင်းလိုက်သည်။သားလေး ကျန်းကျန်းမာမာနဲ့ မွေးသည်ဆိုတော့ မေမေက ဝမ်းသာကြောင်း ၊သတ်ဝေအတွက် ဂုဏ်ယူကြောင်းပြောသည်။"မေမေမြင်ချင်တဲ့အတိုင်း မေမေ့သားလေးက မိသားစုတစ်ခုကို ပိုင်ဆိုင်သွားပြီမို့ မေမေစိတ်ချပြီ"တဲ့။

ကျွန်တော်ဟာ အိမ်ထောင်တစ်ခုရဲ့ အိမ်ထောင်ဦးစီး သားတစ်ယောက်ရဲ့ အဖေဖြစ်ခဲ့ပြီ။နာရီဝက်လောက်ကြာတော့ မ,ကို ဝင်တွေ့ခွင့်ရသည်။သက်ဦးဖြစ်၍ ခွဲမွေးခြင်းဖြစ်သည်။သတိလည်နေပြီဖြစ်သော မ,က ကျွန်တော်တို့ကို အားယူ၍ ပြုံးပြသည်။

ပါးစပ်ရာဇဝင်လေးဖြစ်ခဲ့သည်(ပါးစပ်ရာဇဝင်လေးဖြစ်ခဲ့သည်)-RepublishingWhere stories live. Discover now