Chapter-37

2.7K 384 31
                                    


(Unicode)

"သား ဘယ်ဟာ ယူမလဲ"

သားက လက်နှစ်ဖက်တွင် တစ်ဖက်စီကိုင်ထားသော ကားရုပ်နှင့် ဆိုင်ကယ်ရုပ်ကို ခပ်တင်းတင်းဆုပ်ကိုင်ထားသည်။ ဘယ်အရုပ်ကို ဆွဲ ဆွဲ လွှတ်မပေး။ သဘောကတော့ နှစ်ခုလုံးယူမည့်ပုံပင်။ သားက အရွယ်နှင့်မမျှလူကောင်ထွားကာ အားကသန်သည်။ သတ်ဝေချီထား၍သာ ရင်ခွင်ထဲ ငြိမ်နေခြင်းဖြစ်သည်။ အောက်သာချပေးလိုက်ပါက အကုန်လုံးကို သိမ်းကြုံးဆွဲယူမည့်ပုံ။ နောက်ဆုံးတွင်မူ နှစ်ရုပ်လုံးကို ယူလိုက်ရသည်။ဆိုင်ရှင်အစ်မကတော့ သားကိုချစ်ဖို့ကောင်းလိုက်တာဟုတဖွဖွရေရွတ်နေသည်။

ထို့နောက် မ,က သားအတွက် အကျီလေးတွေဝယ်မည်ဟုဆို၍ နောက်တစ်ဆိုင်သို့ကူးခဲ့လိုက်သည်။ Covidကာလမို့ လှည်းတန်းစင်တာထဲရှိသွားလာနေသူများအားလုံးက Mask ကိုယ်စီတပ်ထားကြသည်။ သတ်ဝေနှင့် မ,လည်း Mask တပ်ထားကြပြီး သားကိုတော့ ကလေး mask လေးတပ်ပေးထားရသည်။ သားကဆွဲဆွဲချွတ်၍ မနည်းထိန်းရသည်။ အရုပ်ဆိုင်ထဲမှ အထွက်...

"အလင်း"

"အစ်ကို"

မမျှော်လင့်ဘဲ တွေ့လိုက်ရတာကြောင့် သတ်ဝေ အံ့အားသင့်သွားသည်။ အင်္ကျီမိုးပြာရောင်နှင့်အစ်ကိုက လက်ထဲမှာ စာအုပ်အိတ်တစ်အိတ်ဆွဲထားပြီး စာအုပ်လာဝယ်ပုံရသည်။ ထိုစဥ် လက်ကို ခပ်တင်းတင်းဖက်တွယ်လာမှုကြောင့် ကြည့်လိုက်တော့ မ,က သူ့လက်ကိုချိတ်ကာ အစ်ကို့ကို စူးစူးစိုက်စိုက်ကြည့်နေသည်။ အစ်ကို့ကိုကြည့်တော့လည်း မ,ချိတ်တွယ်ထားသော လက်ကို ခပ်တင်းတင်းတစ်ချက်စိုက်ကြည့်ကာ မ,ကို ခပ်တည်တည်ပြန်ကြည့်နေသည်။

နှစ်ယောက်လုံး၏ အကြည့်မှာ ဝေ့ဝဲနေသော အေးစက်စက်အငွေ့အသက်များက ကြားထဲက သတ်ဝေပင် အေးခဲလာသလို။ အစ်ကိုက ဘာကြောင့် သည်လိုကြည့်လဲဆိုတာ သတ်ဝေနားလည်ပေမဲ့ ဖော်ရွှေတတ်သော မ,က အခုမှတွေ့ဖူးသည့် အစ်ကို့ကို ဘာကြောင့်ဤသို့ကြည့်ရသနည်း။ သူတို့နှစ်ယောက်အကြည့်များကြား သတ်ဝေအနေခက်လာကာ ချောင်းတစ်ချက်ဟန့်လိုက်မိသည်။

"အဟမ်း...ဟို...အစ်ကို၊ ဒါက ကျွန်တော့် အမျိုးသမီး ချမ်းမြသီတာပါ၊ မ, ဒါက မောင့်မိတ်ဆွေ ကိုအေးချမ်းမင်းမြတ်တဲ့"

ပါးစပ်ရာဇဝင်လေးဖြစ်ခဲ့သည်(ပါးစပ်ရာဇဝင်လေးဖြစ်ခဲ့သည်)-RepublishingWhere stories live. Discover now