Chapter-23

2.7K 402 44
                                    

(Unicode)

အဖျောက်-ဥတို လမ်းမကြီးတွင် နီလာအောင် ၁၃၂ ကားကြီးသည် တရိပ်ရိပ်ပြေးဆွဲနေသည်။ ပြတင်းပေါက်ဘက်ခြမ်းတွင် သတ်ဝေထိုင်ရင်း ကားလမ်းဘေးရှိလယ်ကွက်များကို ငေးမောနေမိသည်။ တဟူးဟူးတိုက်ခတ်နေသော လေများက ပြတင်းပေါက်မှတဆင့် သတ်ဝေမျက်နှာဆီသို့ အလုအယက်တိုးဝင်နေကြသည်။ အဖျောက်မြို့နှင့်နီးလာလေလေ သူ့ရင်ခုန်သံများ ကျယ်လာလေလေ။

လမ်းဘေးရှိ ပိတောက်ပင်ကြီးကိုမြင်မိတော့ နာနာကျင်ကျင်တစ်ချက်ပြုံးမိသည်။ ပိတောက်ပင်ကြီးက ပို၍အုံ့ဆိုင်းလာသည်။ ဆိုင်ကယ်တစ်စီးနှင့် ကောင်လေးနှစ်ဦးကိုမြင်ယောင်မိတော့ မျင်ရည်တစ်စက်ကပေါက်ခနဲကြွေလွင့်သည်။ မဆုံးနိုင်တဲ့ သံသရာကြီးထဲက အမှတ်တရတွေထဲမှာ ကျွန်တော် ဘယ်လောက်တောင် နာကျင်နေရဦးမှာလဲ။

"ကြိုဆိုပါ၏ အဖျောက်မြို့"ဟုသော ဆိုင်းဘုတ်လေးကို မြင်ပြီးသိပ်မကြာ ကားကြီးက အဖျောက်လမ်းမထဲသို့ကွေ့ဝင်လာသည်။

သတ်ဝေ ဆေးရုံ၌ အလုပ်ဝင်ပြီးနောက် အမြဲတစ်လတစ်ကြိမ် အဖျောက်ကို ပြန်လာဖြစ်သည်။ အခုဆို သတ်ဝေက တစ်ယောက်တည်းသမားလိုဖြစ်နေပြီ။ မေမေက မနှစ်ကပဲ သတ်ဝေကိုလည်း စိတ်ချရပြီ၊သူလည်း သံသရာကို စိတ်ကုန်သည်ဟုဆိုကာ ရာသက်ပန် တရားစခန်းဝင်လေသည်။ မလုပ်ပါနှင့်ဟုတားချင်သော်လည်း ကောင်းမှုကုသိုလ်အရေးမို့ မတားရစ်နိုင်ခဲ့။ ထို့ကြောင့် တစ်လတစ်ကြိမ်လောက်တော့ မေမေ့ကို လိုအပ်သည့် ပစ္စည်းများလာကန်တော့ရင်း လာတွေ့ဖြစ်သည်။

မြို့ထဲရောက်လျှင် သတ်ဝေ (၁) လမ်းထိပ်၌ ဆင်းလိုက်သည်။ မျက်နှာချင်းဆိုင်မှ သတ်ဝေတို့ဘော်ဒါကြီးကို သတိတရ လှမ်းကြည့်ဖြစ်ရင်း အထက်တန်းကျောင်းသားဘဝကို လွမ်းမောစေမိသည်။ ဘော်ဒါခေါင်းရင်းရှိ ရပ်တော်မူဘုရားကြီးနှင့် နတ်လမ်းဆီသို့ အကြည့်ရောက်မိပြန်တော့ ထပ်၍နာကျင်ရပြန်သည်။ ဘယ်သောအခါမှ ကျွန်တော်ရင့်ကျက်မှာလဲ အစ်ကို။

ပထမဦးစွာ အဘွားတို့အိမ်သို့ အရင်ဝင်ကာ နှုတ်ဆက်လိုက်သည်။ ထို့နောက် အဝတ်အစားပင်မလဲတော့ဘဲ ပစ္စည်းများကိုယူလိုက်ပြီး အိမ်မှ စက်ဘီးဖြင့် မေမေ့ဆီသို့ သွားလိုက်သည်။

ပါးစပ်ရာဇဝင်လေးဖြစ်ခဲ့သည်(ပါးစပ်ရာဇဝင်လေးဖြစ်ခဲ့သည်)-RepublishingWhere stories live. Discover now