Chapter-34

2.8K 420 29
                                    

(Unicode)

၂၀၂၀ ခုနှစ်၊ ဇွန်လ၈ရက်။

ဂျူတီoffနှစ်ရက်ကျော်လွန်ပြီး ဂျူတီပြန်ဝင်သည့် နေ့တွင်တော့ အရင်လို အစ်ကိုမလာတော့သဖြင့် စိတ်သက်သာရာရမိသလို လစ်ဟာဟာခံစားချက်တစ်ခုကိုလည်း ခံစားရသည်။ အထိန်းချုပ်ရအခက်ဆုံးသော အရာများတွင် စိတ်နှင့် နှလုံးက ထိပ်ဆုံးကပင်ဖြစ်သည်။ ခက်ခဲပါသည်။ အစ်ကို့အပေါ် စိမ်းကားရခြင်း၊ဥပေက္ခာပြုရခြင်းသည် သိပ်ကို ခက်ခဲပါသည်။ ခက်ခဲပေမဲ့လည်း လုပ်ရမည်အရာပင်။

ညနေဂျူတီပြန်တော့ လှည်းတန်းသို့ဝင်ကာ စာအုပ်ဝယ်ဖို့ စဥ်းစားမိသည်။ မ,ဆီ ဖုန်းလှမ်းဆက် အသိပေးလိုက်ပြီး မှာစရာရှိသေးလားဟုမေးလိုက်တော့ သားအတွက် ကစားစရာသာဝယ်ခဲ့ဖို့မှာသည်။ ဒါကတော့ မမှာလည်း သူဝယ်ဖြစ်မည်ဖြစ်သည်။

လှည်းတန်းရောက်တော့ ဝယ်နေကျစာအုပ်ဆိုင်သို့ဝင်၍ ဆိုင်ပိုင်ရှင်အစ်မကို နှုတ်ဆက်လိုက်ကာဖတ်ချင်သည့်စာအုပ်ကို ရွေးယူလိုက်သည်။ ထို့နောက် ကလေးဖတ်စာအုပ်များ၊ပန်းချီဆွဲ ပစ္စည်းများထားသည့်ဘက်မှ သားအရွယ်နှင့် သင့်တော်မည့်စာအုပ်နှင့် ပုံဆွဲပစ္စည်းအချို့ကို ရွေးယူလိုက်သည်။ ထိုစဥ် နံဘေးသို့ လူရိပ်ကျလာပြီး ထိုသူသည်လည်း ကလေးပစ္စည်းအချို့ကို ရွေးနေသည်။ ကိုယ်နှင့်မဆိုင်ဘူးဟုနေပြီးမှ ခပ်သင်းသင်းရလိုက်သော ရေမွှေးနံ့ကြောင့် ချက်ချင်းလိုပင် ခေါင်းထောင်သွားကာ လှည့်ကြည့်လိုက်မိလျှင် သူ့ကိုမကြည့်ဘဲ ပစ္စည်းများကိုသာရွေးနေသော အစ်ကို့ကိုတွေ့ရသည်။

"အစ်ကို"

နှုတ်မှယောင်ယမ်းထွက်သွားတော့ အစ်ကိုက ဘာလဲဟုသော ပုံစံမျိုးနှင့် လှည့်ကြည့်သည်။ထို့နောက် သူရွေးထားသော ပစ္စည်းကို ကိုင်၍ ကောင်တာဘက်သို့ ထွက်သွားသည်။သတ်ဝေလည်း ငွေရှင်းရမည်မို့ အနောက်က လိုက်သွားလိုက်သည်။ နှစ်ယောက်အတူ ယှဥ်ရပ်ကာ ပစ္စည်းငွေရှင်းပြီးတော့ အစ်ကိုက အထုပ်ကိုသတ်ဝေဆီသို့ လှမ်းပေးသည်။

"အလင်း ကလေးဖို့"တဲ့။

တအံ့တသြငေးကြည့်မိတုန်း အစ်ကိုက သူ့လက်ထဲသို့ အထုပ်ကိုထည့်ပေးကာ ဆိုင်ထဲမှ ထွက်သွားသည်။ သတ်ဝေခဏကြောင်နေပြီးမှ ငွေအမြန်ရှင်းကာ အစ်ကို့နောက်သို့ပြေးလိုက်ရသည်။

ပါးစပ်ရာဇဝင်လေးဖြစ်ခဲ့သည်(ပါးစပ်ရာဇဝင်လေးဖြစ်ခဲ့သည်)-RepublishingDove le storie prendono vita. Scoprilo ora