Chapter-2

6.2K 663 48
                                    


(Unicode)

“အာ ငါ မင်းတို့ကိုပြောရဦးမယ်”

ဘောလုံးကန်ပြီးချိန်မိုးတိတ်သွားပြီဖြစ်၍ အခြားသူများပြန်သွားသော်လည်း သတ်ဝေတို့သုံးယောက် မပြန်သေးဘဲ ဘောလုံးကွင်းအဖြစ် အသုံးပြုရာ မြေကွက် လပ်၏ဘေးမှာထိုင်နေကြစဉ် သက်ဦးထိုက်သည် စကားစလာသည်။ ကောင်းကင် ပြင်သည် မိုးရိပ်တို့ ပြန်လည်ကင်းစင်ကာ ကြည်လင်နေသည်။ ရေဓာတ်ပါသော လေအေးအေးက လတ်ဆတ်သည်။

အာကာက သက်ဦးထိုက်ပြောမည့်စကားကို နားထောင်လိုသည် နားမထောင် လိုသည်မသိ။ ခေါင်းကိုငုံ့၍ မြေကြီးကို စိတ်ဝင်တစား တုတ်နှင့်ခြစ်နေသည်။

“ဘာကိစ္စလဲ”

သတ်ဝေကပင် အားနာပါးနာ ဝင်မေးလိုက်ရသည်။

“အခု ရွာမှာလေ မြို့ကဧည့်သည်တွေ ရောက်နေကြတယ်”

ဧည့်သည်ရောက်တာများ အထူးအဆန်းလုပ်နေပြန်ပြီ။

သက်ဦးထိုက်ဆိုသည်မှာ အလုပ်မရှိကြောင်ရချိုးဆိုသလို သူများအိမ်မှာ အပ် ကျတာကအစ စပ်စပ်စုစုသိပ်ရှိသူဖြစ်သည်။

“မြို့က ဧည့်သည်ရောက်တာပဲ၊ ခါတိုင်းလည်း လာနေကျလေ၊ ဘာထူးလို့ လဲ”

“အခုလာတာက ကောင်မလေးချောချောလေးတဲ့”

ပြောရင်း သက်ဦးထိုက်၏ မျက်ခုံးထူထူအောက်က မျက်လုံးနှစ်လုံးက အ ရောင် တဖျတ်ဖျတ် လက်လာသည်။  သူများတွေ ချီးကျူးကြသော ဖြောင့်စင်းသွယ်

လျပါသည်ဆိုသည့် နှာခေါင်းကတော့ ပွလာသလိုလို မြင်မိသည်။

“နေပါဦး ချောချောလေးဆိုတာ ဘယ်သူပြောလဲ၊ သူတို့က ဘယ်သူ့အိမ်ကို လာတာလဲ”

“အရီးဌေးတို့ အိမ်ကိုလာတာတဲ့၊ အရီးဌေးယောက်ျားဘက်က အမျိုးတွေ ဆိုလားပဲ၊ မောင်နှမနှစ်ယောက်လာတာတဲ့၊ ကောင်မလေးက ငါတို့နဲ့အတန်းတူတူ ပဲကွ၊ ၈ တန်းတက်မှာတဲ့၊ အစ်ကိုကြီး ဟဲ...ဟဲ  ယောက်ဖကြီးကတော့ ၉ တန်းတဲ့၊ အဖျောက်မှာ ဘော်ဒါလာတက်တာတဲ့၊ ဘော်ဒါပိတ်တဲ့စနေ၊ တနင်္ဂနွေကို လာလည် တာတဲ့ကွ၊ ကောင်မလေးနာမည်က အေမီချမ်းမြတ်တဲ့၊ နာမည်လေးနဲ့တင် ချစ်ဖို့ ကောင်းနေပြီ အဟီး”

ပါးစပ်ရာဇဝင်လေးဖြစ်ခဲ့သည်(ပါးစပ်ရာဇဝင်လေးဖြစ်ခဲ့သည်)-RepublishingWhere stories live. Discover now