Chapter-14

2.9K 434 28
                                    

(Unicode)

သေသောသူ ကြာရင်မေ့ ပျောက်သောသူရှာရင်တွေ့ဆိုသည့်အတိုင်း အချိန်တစ်လအကြာမှာတော့ သူတို့နေသားကျလာခဲ့ပါသည်။
မေ့ပျောက်သွားခြင်း မဟုတ်ပါ။ လက်ခံလာခြင်းသာ ဖြစ်သည်။ သက်ဦးထိုက်ကတော့ နှစ်ပတ်လောက် အိပ်ယာထဲလဲခဲ့သေးသည်။ အတူတူကျောင်းသွားတက်ဖို့ ရည်စူးခဲ့ပြီး တစ်ယောက်တည်း သွားရသည့် အချိန်များမှာတော့သတ်ဝေ မျက်ရည်စို့စွာ သတိရမိသည်။

သက်ဦးထိုက်က ဘော်ဒါတက်ရသည့်အပြင် ဝိပ္ပံတွဲယူသည်မို့ သတ်ဝေနှင့် ကျောင်းမှာလည်း အခန်းကွဲသွား
သည်။ သတ်ဝေကတော့ သိပ္ပံတွဲယူသည်။အာကာရှိရင်လည်း သိပ္ပံတွဲယူမှာ ကျိန်း​သေသည်။

အာကာမရှိတော့သည့်နောက်ပိုင်း သတ်ဝေနှင့် သက်ဦးထိုက်ကြားဝေးကွာလာသည်။ သက်ဦးထိုက်က သူရဲ့ဘော်ဒါမှ သူငယ်ချင်းများနှင့်သာ အချိန်ကုန်နေသလို သတ်ဝေကလည်း အားလပ်ချိန်များမှာ အစ်ကိုနှင့်သာ ရှိနေတတ်သည်။

အ.ထ.က အဖျောက်ကျောင်းကြီးတွင် ကျောင်းဆောင်ပေါင်းများစွာရှိသည်။ သတ်ဝေတို့၏ ကျောင်းဆောင်တွင် အခန်း(၆)ခန်းရှိလေသည်။ အခန်း(၅)ခန်းတွင် ကိုးတန်း (A)မှ (E) အထိထားပြီး ပိုနေသော တစ်ခန်းတွင် ဆယ်တန်းမှ တော်သောကျောင်းသားများကိုစုပြီး( S) ခန်းဟုသတ်မှတ်ကာ ကိုးတန်း Bio( A)ခန်းနှင့် ကပ်လျက်ထားသည်။

သတ်ဝေက Bioတွဲယူသူမို့ အလိုအလျောက် (A)ခန်းကိုရသည်။ ထို့ကြောင့် အစ်ကိုတို့ (S )ခန်းနှင့်ကပ်လျက်ဖြစ်ပြီး အစ်ကိုနှင့် ပို၍ တွေ့ခွင့်ရခဲ့သည်။ သက်ဦးထိုက်ကတော့ ရှစ်တန်းမှ အမှတ်အလိုက် Eco (C)ခန်းကို ရပြီး သတ်ဝေနှင့် တစ်ခန်းကျော်ဝေးသွားသည်။

အစ်ကိုက အားလပ်ချိန်များတွင် သတ်ဝေ အခန်းသို့ အမြဲကူးလာတတ်သည်။ သတ်ဝေက ဘော်ဒါမတက်၊ ကျူရှင်မယူသူမို့ နားမလည်သည့်စာများကို အစ်ကိုက ရှင်းပြသည်။ ကျောင်းက သင်သည့်စာအပြင် အစ်ကိုက သတ်ဝေကို စာတွေကြို ရှင်းပြပြီး ကြိုကျက်ခိုင်းသည်။ သတ်ဝေ၏ ပင်တိုင် ဂိုက်လိုဖြစ်နေသော အစ်ကို့ကို အခန်းထဲရှိကောင်မလေးများက စိတ်ဝင်စားကြပြီး သတ်ဝေကို လာလာမေးကြသည်။ သတ်ဝေက ဘုတောလွှတ်တတ်သဖြင့် နောက်ပိုင်းလာမမေးကြတော့။

ပါးစပ်ရာဇဝင်လေးဖြစ်ခဲ့သည်(ပါးစပ်ရာဇဝင်လေးဖြစ်ခဲ့သည်)-RepublishingWhere stories live. Discover now