Chapter-40

3.2K 410 61
                                    

(Unicode)

မနက် ၇ နာရီခန့်က ထွက်လာခဲ့ပြီး ဥတိုကိုရောက်တော့  ကိုးနာရီ။ အဖျောက် ဥတို လမ်းမကြီးအတိုင်း ဆိုင်ကယ်မောင်းနှင်လာတော့ အတိတ်ပုံရိပ်တွေကို လွမ်းလွမ်းဆွေးဆွေးသတိရမိသည်။ ပိတောက်ပင်ကြီးဘေးရောက်တော့ အစ်ကိုက ဆိုင်ကယ် အရှိန်လျော့လိုက်ပြီး သူ့ကို လှည့်မေးလာသည်။

"ဝင်ထိုင်ဦးမလား"

"ဟင့်အင်း"

ရုတ်တရတ်ပူနွေးလာသော မျက်နှာနှင့်အတူ ခေါင်းခါမိသည်။ အစ်ကိုက ခပ်ဖွဖွရယ်မော၍ ဆိုင်ကယ်ကို အရှိန်ပြန်တင်သည်။ ထို့နောက် အဖျောက်မြို့မှ ကြိုဆိုပါ၏ ဆိုင်းဘုတ်ကလေးကို ကျော်လွန်ပြီး အဖျောက်မြို့ထဲသို့ ဆိုင်ကယ်လေးက ကွေ့ဝင်သွားသည်။ အစ်ကိုက အိမ်လေးဆီသို့ တန်းမောင်းသည်။

မေမေ့ဆီသွားဖို့ စိတ်ကူးမိပေမဲ့ သူလာတာ မေမေ့ကို မသိစေချင်သောကြောင့် မသွားဖြစ်တော့။ အိမ်လေးထဲသို့ ဝင်ပြီးနောက် အစ်ကိုက ပြတင်းပေါက်များကို အရင်ဖွင့်လိုက်သည်။

"အလင်း ဗိုက်ဆာပြီလား"

"အရမ်းတော့မဆာသေးပါဘူး၊ ကျွန်တော်က မနက်စာစားလာတယ်၊ အစ်ကိုဆာနေပြီလား"

"အင်း ကိုယ် နည်းနည်းဆာလို့၊ သည်နားမှာ မုန့်ဟင်းခါးသွားဝယ်လိုက်ဦးမယ်၊ အလင်း သည်မှာ ခဏစောင့်နော်"

"ဟုတ်"

အစ်ကို သွားတော့ အိမ်လေးထဲကို အနည်းငယ် သန့်ရှင်းရေးလုပ်လိုက်သည်။ အိပ်ခန်းထဲက ပစ္စည်းများကိုလည်း လက်ဖြင့်ဖွဖွထိတွေ့၍ ပြုံးမိသည်။

အစ်ကိုပြန်လာသောအခါ မုန့်ဟင်းခါးနှစ်ပွဲပါလာသည်။

"တော်သေးတာပေါ့၊ ပန်းကန်တွေရှိသေးလို့"

အစ်ကိုက ရယ်ရယ်မောမောပြော၍ ပန်းကန်နှစ်ချက်ကို ယူကာဆေးပြီး မုန်းဟင်းခါးနှစ်ပွဲကိုထည့်သည်။ ဇွန်းရှာတော့ တစ်ချောင်းပဲရှိသော ဇွန်းကြောင့် နှစ်ယောက်သားရယ်မိကြပြန်သည်။ ပန်းကန်တွေကတောင် အရင်တစ်ခါလာတုန်းက အစ်ကို အကင်ထည့်ဖို့ ဘယ်ကယူလာမှန်းမသိသည့် ပန်းကန်တွေ။

ပါးစပ်ရာဇဝင်လေးဖြစ်ခဲ့သည်(ပါးစပ်ရာဇဝင်လေးဖြစ်ခဲ့သည်)-RepublishingWhere stories live. Discover now