Chapter-17

2.7K 439 31
                                    

(Unicode)

၂၀၀၉ ခုနှစ်၊အေပရယ်လ်လ။

နွေအလယ် အေပရယ်လ်၏ အပူချိန်က ခြစ်ခြစ်တောက် ပူပြင်းနေသည်။

သို့သော် ထိုအပူချိန်ကသက်ဦးထိုက်ရင်ထဲက အပူကို မှီနိုင်မည်မထင်။ မျက်စိရှေ့က ချစ်ရသူ အသက်စွန့်ခဲ့သည့် မြစ်ရေပြင်ကို ငြိမ်သက်စွာငေးမောနေမိသည်။

တစ်နှစ်တောင် ကြာခဲ့ပြီ အာကာ။အရာရာဟာ အိပ်မက်လိုပါပဲ။မင်းမရှိတော့ဘူးလို့ လက်ခံရတာ ငါ့အတွက်သိပ်ခက်ခဲလွန်းတယ်။

ချန်ရစ်ခဲ့သူနဲ့ ကျန်ရစ်သူမှာ ကျန်ရစ်သူက ဘာကြောင့်ပိုနာကျင်ရတာလဲသိလား။

ရုန်းထွက်လို့မရတဲ့ အမှတ်တရတွေထဲမှာ ကျန်ရစ်ခဲ့ရလို့ပေါ့။

ဒီနေရာမှာ ဒီလူနဲ့ အတူတူရှိခဲ့ဖူးတယ်။ဒီအရာတွေကို ဒီလူနဲ့အတူတူလုပ်ခဲ့ဖူးတယ်။ဒီစကားတွေကို ဒီလူနဲ့ အတူတူ ပြောခဲ့ဖူးတယ် ဆိုတာနဲ့ပဲ ထိုသူက အကြိမ်ကြိမ်သေဆုံးတယ်။

ငါလည်း အကြိမ်ကြိမ်သေဆုံးနေရပါတယ် အာကာ။ ချစ်ရတဲ့သူက လောကကြီးမှာမရှိတော့ဘူးလို့တွေးမိတာနဲ့ ငါဟာ ရှင်ရက်နဲ့သေဆုံးရပါတယ်။

မင်းအရိပ်တွေပဲ လွှမ်းမိုးနေတဲ့ ဒီရွာလေးမှာ ငါဟာအကြိမ်ကြိမ်သေဆုံးရပါတယ်။

တင်းကြပ်စွာပွေ့ဖက်ထားမိတဲ့ အရာက စာအုပ်တစ်အုပ်ဆိုတာထက်ပိုပါတယ် အာကာ။ ငါ့ရဲ့ နှလုံးသားပါ။ မင်းရဲ့ အိပ်မက်တွေပါဝင်တဲ့ ငါ့ရဲ့နှလုံးသားပါ။

နောက်ဆုံးစာမျက်နှာက နှစ်ခြိုက်စွာပြုံးရီနေတဲ့ ကောင်လေးတစ်ဦး၏ ပုံတူကို ကြည့်မိပြန်တော့ အလိုက်မသိတဲ့ မျက်ရည်တွေက ကျလာပြန်သည်။ ညတိုင်းကျနေလည်း မျက်ရည်တွေက မကုန်နိုင်ဘူးအာကာရရာ...။

ရင်ဘက်ထဲက စို့ကြပ်လာတယ်။ ငါအဆင်မပြေသေးဘူး အာကာ။ ငါအသားမကျသေးဘူး။

ငါ...ငါ...မင်းကို လွမ်းလွန်းလို့ ဘယ်လိုလုပ်ရမလဲ။

"သက်ဦးထိုက်"

ပုခုံးပေါ်သို့ ညှင်သာစွာကျရောက်လာသော လက်တစ်ဖက်...။

"သတ်ဝေ"

ပါးစပ်ရာဇဝင်လေးဖြစ်ခဲ့သည်(ပါးစပ်ရာဇဝင်လေးဖြစ်ခဲ့သည်)-RepublishingWhere stories live. Discover now