Intro

30.1K 1.1K 31
                                    

AN

သည်ဇာတ်လမ်းလေးက ကိုယ့်ရဲ့ ပထမဆုံး ဇာတ်လမ်းလေးပါ။
Drama ပုံစံမျိုးဖြစ်ပြီး လူမှုရေးဖောက်ပြန်တဲ့ ဇာတ်လမ်းမျိုးဖြစ်ကြောင်း ကြိုတင်သတိပေးချင်ပါတယ်။ ဖောက်ပြန်တဲ့ ဇာတ်လမ်းမျိုး၊ အမျိုးသမီးဇာတ်ဆောင်ပါသည့်ဇာတ်လမ်းမျိုးကို လက်ခံနိုင်မှ ဖတ်စေချင်ပါတယ်။

နောက်ပြီး ကိုယ်အထူးသတိပေးပါရစေ။ ဒီထဲမှာရှိတဲ့ဇာတ်ကောင်တိုင်းဟာ ချစ်ခင်မြတ်နိုးစရာကောင်းနေမှာတော့မဟုတ်ပါဘူး။ မကောင်းတဲ့အားနည်းချက်ကိုယ်စီနဲ့ လူသားတွေပါ။ စိတ်တိုဒေါသထွက်ရတာတွေလည်း ဖြစ်နိုင်တာမို့ ဒါတွေကိုလက်ခံနိုင်မှ ဖတ်ဖို့ဆုံးဖြတ်စေချင်ပါတယ်။

ထို့ပြင် ဤဇာတ်လမ်းပါ အကြောင်းအရာများသည် စာရေးသူ၏ စိတ်ကူးယဥ်မှု သက်သက်သာဖြစ်၍ မည်သူတစ်ဦးတစ်ယောက်ကိုမှ ထိခိုက်စေလိုခြင်းအလျဥ်းမရှိပါ။

***********************************

၂၀၂၀ ခုနှစ်၊ဇွန်လ ၁ ရက်။

"အလင်း"

နှစ်ပေါင်းများစွာကြာသော်လည်း သည်ခေါ်သံသည် ဘယ်သူလဲဆိုတာကို နှလုံးသားက တိတိကျကျမှတ်မိနေသည်။ မဟုတ်ပါစေနဲ့ဟု ဆုတောင်းမိသလို သူဖြစ်ပါစေဆိုသော ရင်ခုန်သံနှင့် အသံလာရာသို့ လှမ်းကြည့်မိသည်။

"အစ်ကို"

ဘယ်လောက်အချိန်တွေကြာကြာ သည်လူကို မမှတ်မိနိုင်စရာ မှမရှိတာ။ သည်မျက်လုံး၊ သည်နှုတ်ခမ်းနဲ့ သည်အပြုံးတွေကို ပိုင်ဆိုင်တဲ့ သည်လူဟာ သူသိပ်ချစ်ခဲ့ရတဲ့ အစ်ကိုပါပဲ။

"အလင်း...ကိုယ်အလင်းကို ပြန်လာခေါ်တာ"

တစ်ချိန်က သိပ်မြတ်နိုးခဲ့ရသော အစ်ကို့အသံတိုးညှင်းညှင်းလေးသည် သူ့နားထဲ၌ ဗုံးအစင်းတစ်ရာ ပေါက်ကွဲသွားသလိုခံစားလိုက်ရသည်။ ဝဲဘက်ရင်အုံမှ နာကျင်မှုနှင့်အတူ မြင်လွှာတွေဟာလည်း ဝိုးတိုးဝါးတား ဖြစ်လာသည်။ တဆတ်ဆတ်တုန်ယင်လာတဲ့ နှုတ်ခမ်းများကို သွားဖြင့် ဖိကိုက်ကာ ထိန်းလိုက်ရသည်။

"အလင်း..ဘာဖြစ်နေတာလဲ၊ အခုချိန်မှာ အလင်းအရမ်းပျော်နေရမှာ မဟုတ်ဘူးလား၊ဒါမှမဟုတ်..."

အစ်ကို့အသံက တိုးညှင်းရာမှ တိမ်ဝင်သွားသည်။ ထို့နောက် မဲ့ပြုံးတစ်ခုကိုဆင်ရင်း...

"အလင်းကိုယ့်ကို စောင့်မနေခဲ့ဘူးလား..."

အစ်ကိုအားလုံးကို သိနေခဲ့ပြီဆိုတာ နာကျင်ကြေကွဲရိပ်ထင်နေသော အစ်ကို့မျက်နှာက သက်သေပြနေသည်။

အစ်ကို နောက်ကျခဲ့ပြီ။

************************************

အားလုံးကို ကျေးဇူးတင်လျက်
Sakura Rain❤

ပါးစပ်ရာဇဝင်လေးဖြစ်ခဲ့သည်(ပါးစပ်ရာဇဝင်လေးဖြစ်ခဲ့သည်)-RepublishingKde žijí příběhy. Začni objevovat