Chapter-28

2.4K 378 44
                                    

(Unicode)

၂၀၁၅ ခုနှစ်၊နိုဝင်ဘာ ၉ ရက်။

ဒီ​နေ့မနက် ဆေးရုံသို့ လှမ်းလာသော သတ်ဝေ၏ခြေလှမ်းများသည်တက်ကြွနေသည်။ ဂျူတီရှိသဖြင့် နောက်ထပ်ကြေညာမည့် မဲစာရင်းများကို သွားမကြည့်နိုင်။ သို့သော် ယုံကြည်မှုတစ်ခုနှင့်အတူ ကျိန်းသေပေါက် အနိုင်ရမည်က သေချာနေပြီလေ။

နောက်ငါးနှစ်မှာ အကောင်းဆုံးသော ပြောင်းလဲမှုတွေကို ကျွန်တော်တို့အားလုံးမျှော်လင့်နေပါသည်။

"သတ်ဝေတို့များ လျှိုချက်နော်၊ အခုမှပဲ ပေါ်သွားတော့တယ်"

Station ခန်းထဲသို့ ဝင်ဝင်ချင်း အရင်ရောက်နှင့်နေသော  အစ်မဝေနှင်းက သူ့ကို လှမ်းပြောသည်။

"ဗျာ"

ရုတ်တရတ်မို့ဘာဆိုလိုသည်နားမလည်။ ထိုစဥ် ကိုမျိုးနှင့်ကိုလရောင်ကလည်း stationထဲသို့ဝင်လာသည်။ ကိုမျိုးက

"သတ်ဝေတို့များ မဟုတ်ဘူး၊မဟုတ်ဘူး ငြင်းပြီး အခုတော့ပေါ်ပြီ"

"ဟမ်"

အနေအေးသောကိုလရောင်ကပင် သတ်ဝေ ပုခုံးကို ပုတ်ကာ

"မင်းတို့က တကယ်ကို လိုက်ဖက်တဲ့ စုံတွဲပါပဲ"

မဟုတ်သေးဘူး။ တစ်ခုခုတော့ လွဲနေပြီ။

"ကိုလရောင်တို့ ဘာတွေပြောနေကြတာလဲဗျ"

"မဖုံးကွယ်ချင်ပါတော့နဲ့ သတ်ဝေလေးရာ၊ အစ်မတို့က သဘောတူပါတယ်"

"ဟမ်၊ ကျွန်တော် တကယ်နားမလည်ဘူး"

စိတ်ရှုပ်လွန်းစွာ ခေါင်းကုတ်လိုက်မိသည်။

"သတ်ဝေလေး၊ လိုင်းမဖွင့်ရသေးဘူးနဲ့တူတယ်"

"လိုင်း..."

သတ်ဝေ ခေါင်းခါလိုက်သည်။ စာအုပ်တွေလောက် social media ကို မမက်မောသူမို့ ရံဖန်ရံခါမှသာ internet ကို သုံးလေ့ရှိသည်။

"အဲဒါဆိုလည်း ဖွင့်ကြည့်လိုက်ဦး၊ သတ်ဝေလေးတို့က celeဖြစ်နေတာ"

"ဟမ်"

သတ်ဝေ လျှင်မြန်စွာ ဖုန်းကို ထုတ်၍ လိုင်းဖွင့်လိုက်သည်။ အဆက်မပြတ် တက်လာသော notification များ။ အများစုက သတ်ဝေကို mention ခေါ်ထားကြပြီး တချို့က Tag တွဲထားကြသည်။ Post တစ်ခုကို ဖွင့်ကြည့်လိုက်တော့ ဓာတ်ပုံတစ်ပုံ။

ပါးစပ်ရာဇဝင်လေးဖြစ်ခဲ့သည်(ပါးစပ်ရာဇဝင်လေးဖြစ်ခဲ့သည်)-RepublishingWhere stories live. Discover now