Chapter-4

4.3K 557 45
                                    

(Unicode)

၂၀၀၇ ခုနှစ်၊ ဇွန်လ ၁၀ ရက်။

“ဘယ်ကောင်မှ လူမထင်ဘူးကွ၊ အားလုံးကို...ပဲထင်တယ်”

ဆဲဆိုသံတချို့ကို အိမ်ရှေ့မှကြားလိုက်ရချိန် သတ်ဝေ နှာခေါင်းတစ်ချက်ရှုံ့ ရင်း ဖတ်လက်စစာအုပ်ကို ပိတ်လိုက်သည်။ စာအုပ်မှာ မနေ့က အစ်ကိုငှားလိုက် သော တက္ကသိုလ်ဘုန်းနိုင်၏ ‘သူ့ကျွန်မခံပြီ’ စာအုပ်ဖြစ်သည်။ အစ်ကိုက သူ့ကတိ အတိုင်း သတ်ဝေအတွက် ဆရာဖေမြင့်၏ ‘ဘေဘီလုံမှ အချမ်းသာဆုံးပုဂ္ဂိုလ်’ နှင့် ဆရာတက္ကသိုလ်ဘုန်းနိုင်၏ ‘သူ့ကျွန်မခံပြီ’ စာအုပ်နှစ်အုပ်ကို တစ်ပတ်စာဆိုပြီး ယူလာပေးခဲ့သည်။

“နှင်းမြဝေ၊ ဟေ့...နှင်းမြဝေ၊ နင်က ငါပြန်လာတာတောင် သောက်ဖက်မ လုပ်ဘူးလား၊ ဟုတ်လား”

အဖေက အမေ့နာမည်ကိုခေါ်ရင်း လှေကားထစ်မှ တက်လာသည်။ အဖေ တော့ ညလုံးပေါက်ရစ်ဦးမည်ဟုတွေးမိတော့ သတ်ဝေ စိတ်ညစ်သွားသည်။ ခြင် ထောင်ထဲဝင်ကာ စောင်ကို ခေါင်းမြှီးခြုံလိုက်သည်။ ခြင်ထောင်ထဲမဝင်ခင် အမေ့ကို လည်း အဖေနဲ့ စကားနိုင်လုမပြောဖို့မှာရသေးသည်။

အိမ်ပေါ်ရောက်လျှင်ရောက်ချင်း အဖေက အမေ့နာမည်ကိုခေါ်ကာ တတွတ် တွတ်ပြဿနာရှာတော့သည်။ မမူးရင် တစ်နေကုန်လုံးမှ စကားသုံးခွန်းတောင် မ ပြောတတ်သောအဖေဟာ မူးလာရင်တော့ မကျေနပ်သမျှစုထားပြီးတော့ တရစပ်။ အဖေက ညလုံးပေါက် စကားတွေထိုင်ပြောပြီး မနက်မိုးလင်းမှ အိပ်တတ်သည်။ အ မေကတော့ တစ်ညလုံးလည်း အဖေရစ်၍မအိပ်ရ၊ မိုးလင်းတော့လည်း ကိုင်းထဲ ဆင်းရနှင့် အလွန်ပင်ပန်းရရှာသည်။

သတ်ဝေ အမေ့ကို  အရမ်းသနားသည်။ အရက်ကိုလည်း အလွန်ရွံမုန်းသည်။

အဖေက အရက်သောက်ပြီးလျှင် ဘယ်သူဘာပြောပြောနားမဝင်တော့။ ပြောရမည် ဆိုလျှင် လုံးဝ အသိစိတ်မရှိတော့သလိုမျိုး။ သားရယ် မယားရယ်လို့လည်း အဖေ မသိတတ်တော့ပါ။ အရက်မူးလာလျှင် အဖေက အမေ့ကိုတင်မက သတ်ဝေကို လည်း ရိုက်ဖို့ဝန်မလေးပါ။ ထစ်ခနဲရှိ လက်ပါတတ်သည်။ အမေဆို အဖေ့ကြောင့် ထိပ်ပေါက်ခေါင်းကွဲမကြာခဏဖြစ်သည်။ အဖေမူးလာပြီး မရစ်တဲ့အချိန်ဆိုတာ ရှား သည်။ တစ်ခါတလေ အဖေမူးလာပြီး အိမ်ရောက်လျှင် ဘာမှမပြောဘဲ တန်းအိပ် သည့်အချိန်တွေဆို သတ်ဝေ အရမ်းပျော်သည်။ သို့ပေမဲ့ သိပ်ကိုရှားပါသည်။

ပါးစပ်ရာဇဝင်လေးဖြစ်ခဲ့သည်(ပါးစပ်ရာဇဝင်လေးဖြစ်ခဲ့သည်)-RepublishingDove le storie prendono vita. Scoprilo ora