Chapter-11

3.2K 467 16
                                    

(Unicode)

၂၀၀၇ ခုနှစ်၊ ဇူလိုင်လ ၂၁ ရက်။

“အေးချမ်းမင်းမြတ် အိမ်က ရောက်နေတယ်”

ဂိုက်ဆရာ၏ခေါ်သံကြောင့် အေးချမ်းမင်းမြတ် စာကျက်နေရာမှ ဘော်ဒါဧည့် ခန်းထဲသို့ ဆင်းလာလိုက်သည်။ ဧည့်ခန်းထဲမှာ ထိုင်နေသော မာမီ့ကိုတွေ့ရသည်။ ညီမဖြစ်သူ အေမီလည်း ရောက်နေပြီ။

“မာမီ”

မာမီက အေမီ့ကိုစကားပြောနေရာမှ အေးချမ်းမင်းမြတ်ကို ပြုံး၍လှည့်ကြည့် လာသည်။

“သား အေးချမ်း...လာပါဦး”

သူ မာမီ့ဘေးကခုံမှာ ဝင်ထိုင်လိုက်သည်။

“နေရထိုင်ရတာ အဆင်ပြေရဲ့လား သား၊ စာတွေရော လိုက်နိုင်ရဲ့လား”

“လိုက်နိုင်ပါတယ် မာမီ၊ ကျန်တာလည်း အကုန်အဆင်ပြေပါတယ်”

“ကောင်းတယ်သား၊ ဒါနဲ့ အေမီလေးက မာမီ့ကို ပြန်တိုင်နေတယ်၊ သား ဘော်ဒါကပိတ်တဲ့ စနေနေ့တိုင်း အပြင်သွားတယ်ဆို”

မာမီ့၏အသံကတည်ငြိမ်အေးဆေးနေသော်လည်း မာမီ့မျက်လုံးတွေက အေး ချမ်းမင်းမြတ်ကို သေချာစွာ စူးစိုက်ကြည့်နေမည်ကို သူ မကြည့်ဘဲခံစားမိသည်။ အေးချမ်းမင်းမြတ် အေမီ့ကိုအံကြိတ်ပြီးကြည့်လိုက်တော့ အေမီက လျှာထုတ်ပြောင် ပြသည်။

“ညီမလေးကို အဲလို မကြည့်နဲ့ အေးချမ်း၊ သားက မဟုတ်တာလုပ်လို့ က လေးကပြန်တိုင်တာ”

“သား မဟုတ်တာလုပ်တာမဟုတ်ပါဘူး မာမီရာ၊ အရီးဌေးတို့ရွာကို အလည် သွားတာပါ”

“မဌေးတို့ဆီ”

“ဟုတ်”

“မဌေးတို့ဆီ ဘာသွားလုပ်တာလဲ”

“အလည်သဘောသွားတာပါမာမီရာ၊ ပြီးတော့ အဲမှာ သားသူငယ်ချင်းရှိလို့”

“သူငယ်ချင်း”

မာမီက ခပ်ဖွဖွရေရွတ်သည်။ မာမီ့မျက်လုံးထဲမှာ မနှစ်မြိုခြင်းတချို့ရှိနေတာ ကို ရိပ်မိသော်လည်း မသိချင်ယောင်ဆောင်လိုက်သည်။

“မာမီ ဘာမှတော့ မပြောသေးဘူး အေးချမ်း၊ ဘယ်သူ့ကို ပေါင်းသင့်တယ် ဘယ်သူ့ကို မပေါင်းသင့်ဘူးဆိုတာတော့ မာမီ ငယ်ငယ်လေးကတည်းက သေချာ သွန်သင်ဆုံးမလာခဲ့တဲ့သားက ဆုံးဖြတ်နိုင်မှာပါ၊ သားဖတ်ထားတဲ့ စာအုပ်တွေက အလကားမဟုတ်ဘူး၊ အမှားနဲ့အမှန်ကို ဝေဖန်ပိုင်းခြားနိုင်စွမ်း သားမှာရှိတယ်၊ သားကိုယုံလို့ မာမီ့ရင်ကိုခွဲပြီး သားတို့ပညာရေးအတွက် ဒီကိုပို့ထားတာ၊ မာမီ စိတ် ချချင်တယ် သား၊ မာမီ့ယုံကြည်မှုကို မာမီ သိပ်ချစ်ရတဲ့သားက ဖောက်ဖျက်မှာ မ ဟုတ်ပါဘူး”

ပါးစပ်ရာဇဝင်လေးဖြစ်ခဲ့သည်(ပါးစပ်ရာဇဝင်လေးဖြစ်ခဲ့သည်)-RepublishingWhere stories live. Discover now