Chapter-32

3K 423 72
                                    

(Unicode)

မျက်စိရှေ့မှ အရမ်းလွမ်းနေခဲ့ရတဲ့ ချစ်ရသူ၏ မျက်နှာကို ငေးစိုက်ကြည့်ရင်း အေးချမ်းမင်းမြတ်ရင်ဘက်ထဲမှနာကျင်လာသည်။သူမျှော်လင့်ခဲ့တာ  ဒီအခြေအနေမှ မဟုတ်ခဲ့တာ။

အလင်းငယ်က သူ့ကို ကြည့်ရင်း နှုတ်ခမ်းများတဆတ်ဆတ်တုန်ယင်နေသည်။ပြိုလဲနေသော သူ့ပုံရိပ်ကိုမြင်တော့ ကိုယ်ပြိုလဲဖို့တောင် မေ့လျော့ရသည်။တဖြည်းဖြည်း သူ့မျက်ဝန်းဝမှာ ဝေ့သီလာသော မျက်ရည်စများကို မမြင်ချင်တာကြောင့် လက်လှမ်းမိတော့ သူက အနောက်ကိုဆုတ်သွားသည်။ဟက် ကနဲ့ တစ်ချက်ရီမိရင်း လက်ကို ရုတ်သိမ်းလိုက်ရသည်။

"Mr.Chanနဲ့ သတ်ဝေတို့က အသိတွေလား"

ဘေးနားသို့ရောက်လာသော သူ့ဆေးရုံမှ ဆေးရုံပိုင်ရှင်ကမေးလာတော့ အလင်းငယ်က ဘာဖြေရမယ်မှန်းမသိ ဆွံ့အနေပုံရသည်။ထို့ကြောင့် အေးချမ်းမင်းမြတ်ကပဲ

"ဟုတ်တယ်၊အရင်တုန်းက သိခဲ့ဖူးပါတယ်"

ဟုသူ့ကို ပြုံး၍ကြည့်ပြီးပြောလိုက်တော့ သူကလည်း မပီမပြင် အပြုံးတစ်ခုကို ဖန်တီး၍ ခေါင်းညိတ်သည်။ထို့နောက် သူက နှုတ်ဆက်ကာ ထွက်သွားသည်။မသွားပါနှင့် တားချင်ပေမဲ့ အခွင့်မှမရှိတာ။ဘေးတွင်လည်း လုပ်ဖော်ကိုင်ဖက်များရှိနေတာကြောင့် တရွေ့ရွေ့ဝေးကွာသွားသော ကျောပြင်လေးကို ငေးရုံမှအပါး မတက်နိုင်ခဲ့။

ကိုယ်တကယ်မယုံကြည်နိုင်ဘူးအလင်းငယ်ရယ်။တလောကလုံး ကိုယ့်ကို ဝိုင်းလိမ်နေတာပဲ ဖြစ်ပါတော့လား။ချစ်ရသူရှိမည့် မြို့လေးကို ရောက်အသွား ကြားခဲ့ရတဲ့ သတင်းက ရင်ဝကို ဆောင့်ကန်လိုက်သလိုပါပဲ။

လက်ထပ်လိုက်ပြီတဲ့....။နေနဲ့လ ရွှေနဲ့မြဆိုပဲ။သားလေး တစ်ယောက်ပါရှိသတဲ့။အဟား....ကိုယ့်အပေါ် ဘယ်လိုတောင် ရက်စက်လိုက်တာလဲ အလင်းငယ်ရယ်။မယုံကြည်နိုင်လွန်းလို့ စနေတယ်ပဲထင်ပြီး ကိုယ်တို့အိမ်လေးကို ရောက်သွားခဲ့သေးတယ်။

အိမ်လေးကို အလင်းက အပိုင်ဝယ်ထားသည်တဲ့။

ကိုယ့်နဲ့ပတ်သတ်တဲ့ အမှတ်တရအိမ်ကိုဝယ်ရလောက်တဲ့ထိ ကိုယ့်ကို ချစ်ရက်နဲ့ ဘာလို့ ကိုယ့်ကို မစောင့်ခဲ့တာလဲ အလင်းရယ်။

ပါးစပ်ရာဇဝင်လေးဖြစ်ခဲ့သည်(ပါးစပ်ရာဇဝင်လေးဖြစ်ခဲ့သည်)-RepublishingWhere stories live. Discover now