Chapter-20

2.8K 409 39
                                    

(Unicode)

"သား...အဖျောက်သင်္ကြန် ပျော်ခဲ့ရဲ့လား"

အိမ်ထဲသို့ဝင်ဝင်ချင်း ဧည့်ခန်းမှ မာမီကတန်းမေးသောကြောင့် အေးချမ်းမင်းမြတ် အံ့သြသွားရသည်။ အနီရောင် ဝမ်းဆက်ကို ဝတ်ဆင်ထားသည့် မာမီက ခါတိုင်းထက်ပို၍ တောက်ပနေသည်။ အသက်၅၀ ကျော်အရွယ်ဟုမထင်မှတ်ရလောက်အောင်ကို မာမီက နုပျိုလှပနေဆဲဖြစ်သည်။

"ပျော်ခဲ့ပါတယ် မာမီ"

"ဟုတ်လား...လာပါဦးသားရဲ့"

အေးချမ်းမင်းမြတ် မာမီ့ဆီသို့ သွားလိုက်သည်။

"မာမီ ဒီနေ့ ဆေးခန်းမသွားဘူးလား"

"ဟုတ်တယ် သားရဲ့၊ သားပြန်လာမယ်ဆိုလို့ ပြောစရာရှိလို့စောင့်နေတာ"

မာမီ့အသံက ပုံမှန်လိုပဲအေးချမ်းနေပါသည်။ သို့သော် သူ့စိတ်ထဲတော့ထင့်နေသည်။

"ဘာပြောစရာရှိလို့လဲ မာမီ"

"သားလေး...ကျောင်းမှာ အဆင်ပြေရဲ့လား"

"ပြေပါတယ်မာမီ၊ ဘာဖြစ်လို့လဲ"

"အင်း...မာမီ့မိတ်ဆွေတစ်ယောက်က သားကို အမေရိကားမှာ scholarshipရအောင်လုပ်ပေးမယ်တဲ့၊ သားကအမှတ်လည်း အရမ်းများထားတာဆိုတော့လေ ၊ မာမီသားကို သွားစေချင်တယ်"

"ဗျာ.."

ဒါဟာ သူ့အတွက် အလွန်ကြီးမားသောအခွင့်အရေးပင်မဟုတ်လား...။သို့သော်...။

"သားဒီမှာလည်း ကျောင်းတက်တာ အဆင်ပြေနေပြီလေ မာမီ"

"ဟိုမှာ ပိုပြီးပြေမှာပါ သား"

သို့ပေမဲ့ သူမသွားနိုင်ပါ။

"ရပါတယ် မာမီ၊သားဒီမှာပဲ ကျောင်းဆက်တက်မယ်"

"ဘာလို့လဲ၊ သားအတွက် ဒီလောက်ကောင်းတဲ့ အခွင့်အရေးကို ဘာလို့ငြင်းနေတာလဲ"

မာမီ့အသံက အနည်းငယ်မာသွားသည်။အေးချမ်းမင်းမြတ် ခေါင်းထဲ၌ ဦးနှောက်ဆဲလ်များ အလုပ်လုပ်သွားသည်။
အရင်တုန်းက သူသွားချင်ပါသည်ဟု တဖွဖွပြောတုန်းက မခွဲနိုင်လို့ မလွှတ်သည့်မာမီက ကောက်ကာငင်ကာကြီး သွားဖို့ပြောလာသည်ဆိုတော့မာမီ့ထံလိမ်၌ အကြောင်းပြချက်တစ်ခုခုရှိနေလိမ့်မည်။ ထိုအကြောင်းပြချက်ဟာ အလင်းငယ်နှင့်များ ပတ်သတ်နေလိမ့်မည်လား။ အနည်းငယ်တုန်ယင်နေသော မာမီ့လက်ကို ကြည့်မိတော့ မာမီတစ်ခုခုသိနေပြီဆိုတာ သူနားလည်လိုက်သလိုလို။

ပါးစပ်ရာဇဝင်လေးဖြစ်ခဲ့သည်(ပါးစပ်ရာဇဝင်လေးဖြစ်ခဲ့သည်)-RepublishingWhere stories live. Discover now