Chapter-15

2.8K 446 31
                                    

(Unicode)

"အ..."

နှစ်ယောက်သား လမ်းလျှောက်လာရင်း သတ်ဝေက သက်ဦးထိုက်၏ ခြေထောက်ကို ရုတ်တရတ် ကန်လိုက်သည်။

"အား...နာလိုက်တာ၊ ဘာလုပ်တာလဲ သတ်ဝေရ"

"ငါ့ကို မခေါ်ဘဲ တစ်ယောက်တည်း ပစ်ထားလို့ အပြစ်ပေးတာ"

"ဘာကွ"

သက်ဦးထိုက်က သတ်ဝေ၏ ဇက်ပိုးကို ဖြတ်အုပ်လိုက်သည်။

"ငါလား မင်းကို တစ်ယောက်တည်း ပစ်ထားတာ၊မင်းသာ အစ်ကို အေးချမ်းမင်းမြတ်နဲ့ရှိနေရင် ငါ့ကို ဂရုမစိုက်တာလေ"

"ဟွန့်"

သတ်ဝေ ဘာမှ ပြန်မပြောတော့ဘဲ မကြည်ကြည့်သာ ပြန်ကြည့်ပေးလိုက်သည်။ သက်ဦးထိုက်ကလည်း ဘာပြောချင်လဲ ဆိုသည့် ပုံစံမျိုးနှင့် မေးငေါ့ပြသည်။

ထို့နောက် တစ်ယောက်နှင့် တစ်ယောက် အကြည့်ချင်းခဏတာ ဆုံမိသွားသည်။ ထိုခဏမှာ အားလုံးနားလည်သွားသည်။

သူတို့နှစ်ယောက်က ဘယ်တော့မှ ခွဲလို့မရတော့မဲ့ ထာဝရသူငယ်ချင်းကောင်းတွေပဲဆိုတာကိုပေါ့။ တစ်ယောက်နှင့်တစ်ယောက် နှစ်ခြိုက်စွာ ပြုံးပြမိသည်။

တစ်ပြိုက်နက်တည်းမှာပင် တစ်စုံတစ်ယောက်ကို သတိရမိသွားကြပြန်သည်။ နှစ်ယောက်လုံး သက်ပြင်းချကာ အကြည့်လွှဲလိုက်သည်။
ထို့နောက် သက်ဦးထိုက်က ကောင်းကင်သို့ မော့ကြည့်ကာ

"သူတစ်နေရာရာမှာ အေးချမ်းစွာရှိနေမှာပါနော်"

"ကျိန်းသေပေါက် ကောင်းမွန်တဲ့တစ်နေရာမှာ သူရှိနေမှာပါ"

ကောင်လေးနှစ်ဦးသည် တိတ်ဆိတ်စွာ ကောင်းကင်ပေါ်သို့မော့ကြည့်နေသည်။

***********************

တစ်ခါတစ်လေ အရမ်းလွမ်းလို့ ငိုမိတာကလွဲရင် ငါအဆင်ပြေနေပါတယ် အာကာ။

************************

ဘုန်း....

စားပွဲပေါ်သို့ ပစ်ချလိုက်သော စာအုပ်သံကြောင့် သတ်ဝေ ခန္ဓာကိုယ်တစ်ချက်တုန်သွားသည်။

"အလင်း...ဘာလို့ တစ်နေ့စာတစ်နေ့ မှန်မှန်မကျက်တာလဲ၊ကိုယ်ပေးလိုက်တဲ့ စာကလည်း များတာမဟုတ်ဘူး"

ပါးစပ်ရာဇဝင်လေးဖြစ်ခဲ့သည်(ပါးစပ်ရာဇဝင်လေးဖြစ်ခဲ့သည်)-RepublishingWhere stories live. Discover now