Part 4

16.2K 1.5K 57
                                    

Unicode

"ဟလို Zexi?"

"..."

"ဟလို???"

"အင်း~ဘေဘီ~ကိုယ့်ကို...လွမ်းလို့လား?"

Zexi မမြင်နိုင်မှန်းသိပေမဲ့ ရှောင်းကျန့်မျက်နှာမဲ့လိုက်ကာ~

​"တစ်ခုမေးစရာရှိလို့ ဖုန်းဆက်လိုက်တာ~"

"ဟုတ်..ဟုတ်လား? အာ့~ မင်းခဏရပ်လိုက်!"

"ဘ...ဘာ?"

"အော်~ ဆော်...ဆော်ရီး ဘေဘီ! မင်းကညအချိန်မတော်ကြီးဆက်တာဆိုတော့..."

Zexi  အသက်ရှူသံတွေကပြင်းနေပြီး အသံကလည်းမောပန်းနေဟန်ကြောင့် သူတို့ဘာလုပ်နေလဲဆိုတာ မပြောပေမဲ့ ရှောင်းကျန့်သိလိုက်သည်။ Zexi က ချမ်းသာပြီး ရုပ်ရည်ရှိသူမို့ သူ့အိပ်ရာကိုနွေးထွေးအောင် လုပ်ပေးမည့်သူက မရှားပါ~ သူ့ဘက်ကမကမ်းလှမ်းရင်တောင် သူ့ကုတင်ပေါ်တက်ချင်နေသူတွေက အများကြီးမို့ ရှောင်းကျန့်နားလည်သည်။

သူနှင့်တွဲလျှင် ဒီကိစ္စတွေလုံးဝမရှိစေရဘူးလို့ ကတိပေးပေမဲ့ ရှောင်းကျန့်က Zexi ကိုလုံးဝစိတ်မဝင်စားတာကြောင့် သူဘာလုပ်လုပ် ဂရုမစိုက်ပါ~

"ကြည့်ရတာ အချိန်ကောင်းမဟုတ်ဘူးထင်တယ်~ ဖုန်းချလိုက်တော့မယ်!"

"အချိန်ကောင်းတော့ မဟုတ်ပေမဲ့ မင်းအတွက်ဆို အမြဲအဆင်သင့်ပါပဲ~ ကိုယ့်အတွက်မင်းလောက် ဘယ်သူကမှအရေးမကြီးတာ သိတယ်မှတ်လား?"

ရှောင်းကျန့်နှာခေါင်းရှုံ့လိုက်ရင်း~

"ခင်ဗျားစကားတွေကြားချင်လွန်းလို့ ဖုန်းဆက်တာမဟုတ်ဘူး! မေးစရာရှိနေလို့"

"မင်းကောအကြောင်းတော့ မဟုတ်ပါဘူးနော်~"

"ဘယ်လိုသိတာလဲ?"

ရှောင်းကျန့်ကုတင်ခြေရင်းမှာ ထရပ်ရင်း မေးတော့ တစ်ဘက်က Zexi ရဲ့ရယ်သံကိုကြားလိုက်ရသည်။

"ဒီအချိန်မင်းကိုယ့်ကို ဖုန်းဆက်တယ်ဆိုတော့ မင်းကောကြောင့်ကလွှဲပြီး တခြားမဖြစ်နိုင်လို့ပေါ့~"

"ကောရဲ့ဒီနေ့အလုပ်ကိစ္စတွေအကြောင်းကို ခင်ဗျားသိထားတာရှိလား?"

Him ❤️ (Yizhan)Where stories live. Discover now