Part 5

15.5K 1.5K 9
                                    

Unicode

"ကော! ကော!!!!"

ရှောင်းကျန့်က ရေစိုနေသည့် သူ့ဆံပင်ကိုပင် မသုတ်အားဘဲ ဟိုင်ခွမ်းအခန်းထဲပြေးဝင်လာတာကြောင့် ဟိုင်ခွမ်းစာရင်းလုပ်နေရင်း မော့ကြည့်လိုက်သည်​။

"ညကြီးမိုးချုပ် ဘာလို့အော်နေရတာလဲ ကျန့်ကျန့်?"

"သူ...အဲ့ဒီကောင် ရေချိုးခန်းထဲ သေသွားပြီလားမသိဘူး! ကျွန်တော်လူသတ်လိုက်မိပြီထင်တယ်!"

ရှောင်းကျန့်က ပြောရင်းဆိုရင်းမျက်ရည်ဝဲလာတော့ ဟိုင်ခွမ်းထိုင်နေရာက ထရပ်လိုက်ကာ~

"ကျန့်ကျန့် ဘာဖြစ်တာလဲ? ကောသိအောင် သေချာအသေးစိတ်ပြောမှပေါ့!!!"

"ဟိုကောင်...ဟိုကောင် ရေချိုးခန်းထဲမှာ လဲ...လဲနေတယ်ကော~"

"ဘယ်ကောင်လဲ?"

"ရိ...ရိပေါ်~"

"သူကဘာလို့..."

​ဟိုင်ခွမ်းစကားပင်ဆုံးအောင် မပြောလိုက်ရ။ ရှောင်းကျန့်က သူ့လက်ကိုဆွဲခေါ်သွားတာမို့ ဟိုင်ခွမ်းခလုတ်တိုက်လုမတတ်ပါလာရသည်။

ရှောင်းကျန့်က သူ့အခန်းထဲက ဧည့်ခန်းကိုဖြတ်~ အိပ်ခန်းကိုလည်းဖြတ်ပြီး ရေချိုးခန်းအပေါက်ဝကနေ အထဲကိုခေါင်းစောင်းပြီး ချောင်းကြည့်လိုက်ကာ~

"တွေ့...တွေ့လားကော? သူအဲ့ဒီမှာ စန့်စန့်ကြီးလဲနေတယ်~ ကြည့်ရတာသေ...သေသွားပြီထင်တယ်! ကျွန်တော် ထောင်ကျတော့မှာလား ကော? အဲ့ဒီလိုညစ်ပတ်တဲ့နေရာမှာ ကျွန်တော်မနေချင်ဘူးကော!!!!"

ရှောင်းကျန့်ကပြောရင်းဆိုရင်း ငိုတော့ ဟိုင်ခွမ်းသက်ပြင်းချကာ သူ့ကိုပွေ့ဖက်လိုက်သည်။ ရှောင်းကျန့်က တစ်ခါတလေ ဘာမဟုတ်သည့်ကိစ္စကိုတောင်မှ အရမ်းဒရမ်မာဆန်တတ်သည်မို့ သူ့ကိုအရင်ချော့သိပ်လိုက်သည်။

"ဒီမှာစောင့်နေဦးနော်~ ကောသွားကြည့်ပေးမယ်!"

"အင်း~"

ဟိုင်ခွမ်းအထဲကို ဝင်ကြည့်လိုက်တော့ ရိပေါ်က မတုန်မလှုပ်ဖြင့် ငြိမ်သက်နေတာကြောင့် သူ့ကိုယ်ကိုအနည်းငယ်လှုပ်ကြည့်လိုက်သည်။ ဒါပေမဲ့ ငြိမ်ချက်သားကောင်းနေတာကြောင့် လက်ကိုနှာခေါင်းနားတေ့ကြည့်လိုက်တော့မှ ဟိုင်ခွမ်းသက်မ,ချလိုက်ကာ~

Him ❤️ (Yizhan)Onde histórias criam vida. Descubra agora