Part 10

16.5K 1.4K 70
                                    

Unicode

ရိပေါ်နှင့်အတူတူ ကားရှည်ကြီးတိုးစီးပြီး အိမ်ပြန်တော့ သူစိတ်မသန့်ဖြစ်နေမည်စိုးကာ ရိပေါ်ကခုံကိုသူ့အင်္ကျီဖြင့် အရင်သန့်ရှင်းပေးဖို့ပြင်သည်။ ရှောင်းကျန့်က သူ့လက်ကိုဆွဲကာ ခေါင်းခါပြရင်း ပြတင်းပေါက်နားဝင်ထိုင်လိုက်ကာ ရိပေါ်ကိုသူ့ဘေးမှာထိုင်ဖို့ လက်လေးဖြင့်ပုတ်ပြသည်။ ရိပေါ်ပြုံးလိုက်ရင်း ရှောင်းကျန့်ဘေးမှာ ဝင်ထိုင်လိုက်ကာ လက်ချင်းတွဲယှက်ထားလိုက်သည်။

Bus ကားမှာခါတိုင်းလို လူမများ၍တော်သေးသည်ဆိုရမည်။ ရိပေါ်ကရှောင်းကျန့်ကို ချစ်လို့မဝသလိုမျိုး ခဏခဏလှည့်ကြည့်ရင်း နားထင်နှင့်နဖူးကို လူလစ်ရင်လစ်သလို ငုံ့ငုံ့နမ်းသည်။ ရှောင်းကျန့်ကလည်း သူ့အပြုံးကို မထိန်းချုပ်ထားနိုင်တော့ဘဲ ရှက်ပြုံးလေးပြုံးရင်း ရိပေါ်ကိုလှည့်မကြည့်မိအောင် ပြတင်းပေါက်ဘက်ကို မျက်နှာအတင်းလှည့်ထားသည်။

ပြီးတော့မှ တစ်ခုခုကို သတိရဟန်ဖြင့် ရိပေါ်ကိုလှည့်ကြည့်တော့ သူ့ကိုနမ်းဖို့ချောင်းနေသည့် နှုတ်ခမ်းတစ်စုံနှင့်တန်းတိုးသည်။ ရိပေါ်က ရှောင်းကျန့်နှုတ်ခမ်းကို အသာကိုက်နမ်းရင်း ရင်ခွင်ထဲဆွဲသွင်းတော့ ရှောင်းကျန့်ကသူ့ခေါင်းကို တောင့်တင်းသည့်ရင်အုံပေါ် အပြည့်အဝမှီချလိုက်သည်။

"မင်းဘာလို့အလုပ်မသွားဘဲ ဘားရောက်နေရတာလဲ? အလုပ်ထဲရှိနေရမဲ့အချိန်မဟုတ်ဘူးလား?"

"ဒီနေ့က လစာထုတ်ရက်လေ! သူဌေးက bonus ပေးလို့ အတူတူထမင်းထွက်စားကြတာ!"

"အော်~ ဒါဆိုစတိုးဆိုင်ကိုကော!?"

"ဒီနေ့မသွားနိုင်ဘူးလို့ပြောထားတယ်!"

"အော်~အင်း! မေးစရာရှိသေးတယ်~အဲ့ဒီနေ့က ငါ့ကိုဘာလို့ငြင်းခဲ့တာလဲ?"

​ရိပေါ်က ရှောင်းကျန့်ဆံပင်အိအိလေးတွေကို လက်နှင့်ဆော့ကစားရင်း~

"မင်းကိုယ့်နှလုံးသားကို ကစားသွားမှာကြောက်တာ! ကစားလို့ဝပြီးရင် ပစ်သွားမှာကိုကြောက်တာ~"

"အခုကောကြောက်သေးလား!?"

"ဟင့်အင်း~"

"ဘာလို့လဲ!?"

Him ❤️ (Yizhan)Nơi câu chuyện tồn tại. Hãy khám phá bây giờ