Part 7

15.2K 1.5K 103
                                    

Unicode

သူနှင့်တစ်ဘက်တစ်ချက်မှာ ထိုင်ရင်း စည်းကမ်းချက်တွေကို စိတ်မရှည်စွာ ချရေးနေသည့် ရှောင်းကျန့်ကိုကြည့်ပြီး ရိပေါ်အပြစ်ရှိသလို ခံစားလိုက်ရသည်။ ဒါပေမဲ့လည်း အရမ်းကြီးတော့မဟုတ်ပါ~ သူကမိဘမဲ့ကျောင်းကနေ ကြီးပျင်းလာရသည့်အပြင် ကြုံတွေ့လာခဲ့ရသည့် ပတ်ဝန်းကျင်ကအတွေ့အကြုံအရ သူ့စိတ်ရဲ့ ဟိုးအတွင်းပိုင်းမှာ လူတွေမထင်မှတ်ထားသည့် ညစ်ကျယ်ကျယ်အတွေးအမြင်တွေနှင့် အရွဲ့တိုက်တတ်သည့် စိတ်ထားလည်းရှိသည်။

စိတ်တိုစိတ်ဆတ်လွယ်ကာ ခေါင်းလည်းအရမ်းမာသည်။ ဒါတွေကို ချင်းယွမ်မပြောနှင့်~ သူနှင့်အနေနီးလှပါသည်ဆိုသည့် သူ့သူငယ်ချင်း ဆုံ့ကျီရန်ပင်မသိ~ သူသည်းခံနိုင်သည်အထိသည်းခံပေးပေမဲ့ အတိုင်းအတာတစ်ခုကို ကျော်လွန်သွားလျှင်တော့ သူ့ဒေါသကလူရွေးနေမှာမဟုတ်သလို လက်သီးတွေကလည်း အငြိမ်နေမည်မထင်ပါ~ ဒီလိုဆိုလျှင် မိဘမဲ့အရိုင်းအစိုင်းကောင် လမ်းဘေးက ကလေကချေကောင်ဆိုသည့် နာမည်သည် သူနှင့်အလိုက်ဖက်ဆုံးဖြစ်လာလိမ့်မည်။

ဒါပေမဲ့အခုလူတိုင်းမြင်နေသည်က ဆံပင်ဖြောင့်စင်းစင်းနှင့် အပြစ်ကင်းသည့် ဒီမျက်နှာသွင်ပြင်ကိုသာ~ လူတွေကလည်း ဒါတွေကိုပဲကြည့်ပြီး ဒီကောင်က ရုပ်ချောလို့ လူကောင်း ဒီကောင်ကတော့ မျက်နှာကြီးကိုက ဘယ်လိုဖြစ်နေမှန်းမသိဘူး လူဆိုးထင်တယ်~ ဆိုပြီးဒီလိုပဲဆုံးဖြတ်ကြတယ်မလား???

သူ့အတွေးတွေကြောင့် ရိပေါ်ပြုံးလိုက်ရင်း ရှောင်းကျန့်ကိုကြည့်လိုက်ပြန်သည်။ မျက်လုံးတွေက ခုနကလို စူးရှမနေတော့ပေမဲ့ နှုတ်ခမ်းကိုက်ပြီး လက်သွယ်သွယ်လေးနှင့် စာရေးနေသည့်ပုံက တစ်မျိုးချစ်ဖို့ကောင်းနေသည်။ Shirt အဖြူလေးနှင့်မို့ မျက်နှာကပိုရှင်းသန့်နေကာ နားရွက်ကားကားလေးကလည်း နူးညံ့သည့် ဆံပင်ကြားကနေ ထိုးထောင်ထွက်နေသည်။ တကယ့်ကိုချစ်စရာကောင်းလွန်းသည့် အမွေးပွယုန်ဖြူလေး တစ်ကောင်နှင့်တူသည်။

သူ့ရင်ခွင်ထဲဆွဲသွင်းပြီး စိတ်ရှိတိုင်း ပွေ့ဖက်နမ်းရှုံ့လိုက်ရရင်ဖြင့်~

Him ❤️ (Yizhan)Donde viven las historias. Descúbrelo ahora