Part 53

10K 1.1K 143
                                    

 Hi~ နေကောင်းကြလား ဘာဘီတို့ 😚

¡Ay! Esta imagen no sigue nuestras pautas de contenido. Para continuar la publicación, intente quitarla o subir otra.

Hi~ နေကောင်းကြလား ဘာဘီတို့ 😚


Unicode

မနက် ၇ နာရီခွဲလောက်ပဲရှိသေးပေမဲ့ စိတ်လှုပ်ရှားနေခြင်းကြောင့် ရှောင်းကျန့်မှာ အဝတ်အစားပင်လဲဲပြီးနေကာ Bobo ကိုလိုက်ပို့ရန် အဆင်သင့်ဖြစ်နေသည်။ သို့ပေမဲ့ အဆင်သင့်မဖြစ်သေးသူက Bobo!

နိုးစရာမလိုဘဲ ကျင့်သားရအောင် မနက် ၇ နာရီတိုင်း သူ့ဘာသာသူထခိုင်းခဲ့ပေမဲ့ အခု ၇ နာရီပင်ခွဲနေကာ မင်းသားချောလေးမှာ အိပ်ရာကမထသေးပါချေ~

"Bobo~ ထလို့ရပြီလေ! ရေမိုးချိုးပြီးရင် မနက်စာစားရအောင်~"

"..."

"Bobo~"

ထူးသံမကြားရသည်မို့ အပေါ်ထပ်ကို ရှောင်းကျန့်တက်ရပြန်သည်။ သူ့အိပ်ခန်းတံခါးကို ရှောင်းကျန့်ဖွင့်ကြည့်လိုက်တော့ Bobo လေးကထနေပြီဖြစ်ပေမဲ့ သူ့ကိုကျောပေးထိုင်ကာ ကုပ်ကုပ် ကုပ်ကုပ်နှင့် အလုပ်ရှုပ်နေသည်။ Bobo ကအရမ်းကြီးဝတာမျိုးမဟုတ်ပေမဲ့ ပြည့်ပြည့်လေးနှင့်မို့ ဒီလိုငုတ်တုတ်ထိုင်လိုက်တိုင်း သူ့တင်ပါးက လုံးလုံးလေးဖြစ်နေကာ ဗိုက်ကလည်းစူထွက်နေသည်။

တစ်စုံတစ်ခုဆီကိုအာရုံရောက်နေသည်မို့ ဆံပင်ရွှေဝါရောင်လေးကို နားကြားထဲညှပ်ထားသည့် Bobo ပုံစံက အနည်းငယ်လူကြီးဆန်သည်ဆိုပေမဲ့လည်း ဖျစ်ညှစ်ပစ်ချင်လောက်အောင်ကို ချစ်စရာကောင်းနေသည်။ Bobo ကိုကြည့်ကာ အသည်းတယားယားဖြစ်နေသည့် ရှောင်းကျန့်က သူ့အခန်းတစ်ခုလုံးရှုပ်ယှက်ခတ်နေသည်ကို နောက်မှသတိထားမိသွားကာ အံ့ဩသွားသည်။ Bobo က သူ့အဝတ်အစားအပြင် သေတ္တာထဲကအရုပ်များကိုပါ ခြေချစရာမရှိအောင် အခန်းထဲဖွထားသည်။

Him ❤️ (Yizhan)Donde viven las historias. Descúbrelo ahora