Part 27

9.4K 1K 77
                                    

Unicode

¡Ay! Esta imagen no sigue nuestras pautas de contenido. Para continuar la publicación, intente quitarla o subir otra.

Unicode

"ရိပေါ်သတိရလာပြီလား!?"

"မရသေးပါဘူး~သခင်ကြီး! ဒါပေမဲ့ အစ်ကိုလေးဖန်ရှင်းက ကောင်းကောင်းစောင့်ကြည့်ပေးနေပါတယ်~"

ဝမ်ရိုဟန်ကသက်ပြင်းချပြီး ခေါင်းညိတ်လိုက်သည်။ ဖန်ရှင်းက ငယ်သေးပေမဲ့ အတော်ထက်မြက်ထူးချွန်သည့် ဆရာဝန်တစ်ဦးပေမို့ တအားစိတ်ပူနေစရာမလိုပါ~

"Zexi ရဲ့ဦးလေး ချန်းယောင်တို့က ဒီမနက်ပဲ Company ကိုလွှဲယူပြီးပြီလို့တင်းကြားတယ်~ ပြီးတော့ ရှောင်းအိမ်တော်က Company နဲ့ Zexi ရဲ့Company ကိုလည်း ပင်မ Company တစ်ခုတည်းအဖြစ် ပေါင်းစည်းလိုက်ပြီတဲ့! မီဒီယာတွေကိုလည်း အသိပေးပြီးပြီဆိုတော့ သတင်းသမားတွေကော အကြွေးရှင်တွေကပါ ရှောင်းအိမ်တော်က သခင်လေးနှစ်ယောက်ကို အသည်းအသန်လိုက်ရှာနေကြပါတယ်! Zexi  က ဒီလိုဖြစ်လာမှာကိုသိလို့ ရှောင်းသခင်လေးကို ကာကွယ်ပေးဖို့ ခေါ်သွားတာထင်တယ်~"

"အကုန်လုံးအချစ်ရူးတွေချည်းပါပဲလား!?~"

ဝမ်ရိုဟန်ညည်းတော့ ဟယ်ဖန်းကထောက်ခံသည့် သဘောမျိုးဖြင့် ခေါင်းညိတ်လိုက်ကာ~

"ပြောရရင် ဒါတွေက သခင်ကြီးတို့ရဲ့ သုံးပွင့်ဆိုင်အချစ်ဇာတ်လမ်းနဲ့တောင် ဆင်နေပါသေးတယ်"

ဝမ်ရိုဟန်က ဟယ်ဖန်းကို မျက်လုံးလှန်ကြည့်လိုက်ရင်း သတိပေးတော့ ဟယ်ဖန်းပါးစပ်လေးပိတ်ကာ ငြိမ်သွားသည်။

"ဟယ်ဖန်း~ ရိပေါ်က ရှောင်းသခင်လေးကို ချစ်တာ~ ငါဘေးကနေကြည့်ရင်တောင် မြင်နေရတယ်! သူတို့နှစ်ယောက်ကိုခွဲလိုက်ရင် ရိပေါ်အတွက် ငါကလုံးလုံးအသုံးမကျတဲ့သူဖြစ်သွားမှာလား!? အစကတည်းက အဖေမပီသလို့ အမြင်မကြည်ရတဲ့အထဲ သူချစ်တဲ့လူနဲ့ ခွဲထားရင် ပိုပြီးမုန်းသွားမှာလား!?"

Him ❤️ (Yizhan)Donde viven las historias. Descúbrelo ahora