Part 52

10.6K 1.1K 98
                                    

Unicode

¡Ay! Esta imagen no sigue nuestras pautas de contenido. Para continuar la publicación, intente quitarla o subir otra.

Unicode

လွန်ခဲ့သည့် လေးနှစ်ခန့်က~

"ရိပေါ်!!! ရိပေါ်!!!

"..."

"ဝမ်ရိပေါ်!!!"

ယွီပင်းကအခန်းတံခါးကို တဒုန်းဒုန်းထုကာ အော်ခေါ်နေပေမဲ့ အသံတစ်စုံတစ်ရာကိုပြန်မကြားရတာကြောင့် တံခါးကို ကန်ဖွင့်ဖို့ဆုံးဖြတ်လိုက်သည်။ ရှောင်းကျန့်ထွက်သွားပြီးသည့်နောက်တွင် ရိပေါ်က သူစိတ်ရှိမှသာ အခန်းထဲကထွက်လာတတ်ပြီး ထွက်လာလျှင်လည်း ဂိုဏ်းကိစ္စအတွက် စီစဉ်စရာရှိတာစီစဉ်သည်။ စစ်ဆေးစရာရှိလျှင်သွားစစ်ဆေးသည်​။ ရှောင်းကျန့်အိမ်းနားအထိ သွားသွားချောင်းတာလည်း မပါမဖြစ်ပေါ့! ပြီးလျှင်အိမ်ပြန်ပြီး အခန်းတံခါးပိတ်ကာ တစ်နေကုန် အရက်သောက်နေတတ်သည်။

ရှောင်းကျန့်ကိုမတွေ့ခဲ့ရသည့် ရက်များတွင် လူမှန်းမသိသူမှန်းမသိမူးရူးနေတတ်တာကြောင့် ယွီပင်းမှာအထာနပ်နေပြီဖြစ်သည်​။ ယခုလည်း တံခါးပင်လာဖွင့်မပေးနိုင်လောက်အောင် ဘယ်လောက်အထိမူးပြီး ဘယ်လောက်ထိရူးနေလဲမသိတာကြောင့် ယွီပင်းက အနောက်နည်းနည်းဆုတ်ကာ တံခါးကို အရှိန်ဖြင့်ပြေးခုန်ကန်လိုက်သည်။

"ဝုန်း!!!"

"ရိပေါ်~"

"..."

မှောင်မဲနေသည့်အခန်းတစ်ခုလုံးက ဆေးလိပ်အတိုအစများ, အရက်ပုလင်းများ, အဝတ်အစားများ, ပစ္စည်းပစ္စယများဖြင့်ပွကြဲနေကာ ထိုအရာများကိုသိမ်းဆည်းရန်ပင် စိတ်မဝင်စားဘဲ ပြတင်းပေါက်မှာရပ်ရင်း ဆေးလိပ်သောက်နေသူက ဝမ်ဂိုဏ်းရဲ့ခေါင်းဆောင် ဝမ်ရိပေါ်~

​ပွကြဲနေသည့် ပစ္စည်းပစ္စယများကို ယွီပင်းသိပါသည်။ ထိုအရာတွေက တစ်ပတ်ရစ်ရောင်းသည့် အွန်လိုင်းတစ်ခုပေါ် တွင် ရှောင်းကျန့်တင်ရောင်းခဲ့သည့် အရာများဖြစ်သည်။ ထိုအရာများကို လူငှားဖြင့် ရှောင်းကျန့်ဆီကဝယ်စုထားသည်မှာ သုံးလပင်ရှိနေပြီဆိုပေမဲ့ တစ်ချို့မှာပါကင်အလိုက်သာရှိနေသေးပြီး ဖောက်လက်စ ပါကင်ထဲကအဝတ်အစားတစ်ချို့ကတော့ ရိပေါ်ဘီရိုထဲတွင် စီစီရီရီချိတ်ထားသည်။ တစ်ချို့မှာတော့ သူ့ကုတင်တွင် ဖရိုဖရဲ~

Him ❤️ (Yizhan)Donde viven las historias. Descúbrelo ahora