Part 13

13.9K 1.4K 43
                                    

Unicode

¡Ay! Esta imagen no sigue nuestras pautas de contenido. Para continuar la publicación, intente quitarla o subir otra.

Unicode

"ငါသိသားပဲ~ နင်နဲ့အတူတူနေရင် ငါ့ဘဝလည်း ဒီလိုအောက်ခြေကနေတက်လာမှမဟုတ်ဘူးဆိုတာ~"

ရိပေါ်ပစ္စည်းဖြည့်နေရင်း လှည့်ကြည့်လိုက်တော့ ချင်းယွမ်~

ချင်းယွမ်က ပေါင်လယ်လောက်ရောက်နေသည့် စကတ်တိုလေးကိုဝတ်ထားကာ အင်္ကျီကလည်း လည်ဟိုက်ကိုယ်အကြပ်နှင့်ဖြစ်သည်။ ဆောင်းဦးဆိုပေမဲ့ ချမ်းပုံမပေါ်ဘဲ~စျေးကြီးသည်ထင်ရသည့် အဝတ်အစားအသုံးအဆောင် ရေမွှေးများနှင့်~

ရိပေါ်မျက်နှာလွှဲလိုက်ရင်း

"ဝယ်စရာရှိလို့လာဝယ်တာဆိုရင် ဝယ်ပြီးအေးဆေးပြန်တော့~ချင်းယွမ်~"

"အမယ်~ အသံကပြောင်းသွားပါလား? ငါဘယ်လိုနေလဲဘယ်လိုစားလဲဆိုတာ မသိချင်တော့ဘူးလား!?"

ချင်းယွမ်က ရိပေါ်ပစ္စည်းစီနေသည့် စတန်းမှာ သူ့ကိုယ်လေးမှီချလိုက်ကာ~

"ငါဒီကို ငါ့ကိုကိုနဲ့အတူတူလာတာ~ ဟိုမှာ သူကားပေါ်ကနေစောင့်နေတယ်! နင်ငါ့ကိုဘယ်တော့မှ တင်မခေါ်နိုင်တဲ့ သိန်းတစ်ထောင်ကျော်တန်ကားနဲ့ပေါ့!"

ချင်းယွမ်က ပြောရင်းရယ်လိုက်သည်။ ရိပေါ်ဘာမှပြန်မတုံ့ပြန်တာ သတိထားမိပြီးသည့်နောက် ရယ်နေသည်ကို ရပ်တန့်လိုက်ကာ~

"သူကငါ့အတွက် ကွန်ဒိုတစ်ခုလည်းဝယ်ထားပေးသေးတယ်~ပြောရရင်နင့်ရဲ့ဒီစတိုးလ်ဆိုင်လေးနဲ့ သိပ်တော့မဝေးဘူး! ဒါကြောင့်... နင်အချိန်ရလို့ လာလည်ချင်ရင် ကိုကိုမရှိတဲ့အချိန်လာလို့ရတယ်~ သိလား?"

ရိပေါ်သူ့လက်ကပစ္စည်းကို ပစ်ချကာ သက်ပြင်းချလိုက်ရင်း~

Him ❤️ (Yizhan)Donde viven las historias. Descúbrelo ahora