A/N

5.7K 588 220
                                    

Unicode

Ops! Esta imagem não segue nossas diretrizes de conteúdo. Para continuar a publicação, tente removê-la ou carregar outra.

Unicode

အရင်က ရေးစရာရှိရင် ပြောစရာရှိရင် သာသာက Fic  ရေးပြီးမှသာ ပြောလေ့ရေးလေ့ ရှိပါတယ်! Readers တို့အတွက်ဘာမဟုတ်တဲ့ Comment တွေဆိုတာက သာသာတို့အတွက်တော့ အဖိုးတန်တဲ့ review တွေပါ! ဒီတော့ မနေ့က ရေးထားသမျှ comment ကို ဒီနေ့မနက်ဖတ်ကြည့်လိုက်တော့ သာ့သာ့ရင်ထဲ ဓားအချောင်း ၂၀ လောက်ထိုးစိုက်သွားသလို ခံစားရတယ်~ 🙁

ဒါက အရေးမကြီးပါဘူး! ဘာလို့လဲဆိုတော့ ရှောင်းကျန့်ကိုအကုန်လုံးက အချစ်ခံစေချင်ကြတယ်! ရှောင်းကျန့်ကို နည်းနည်းလေးမှအထိမခံဘဲ တန်ဖိုးထားကြတယ်! သာသာကိုယ်တိုင်လည်း ရှောင်းကျန့်ကိုပိုချစ်ပြီး ပိုတန်ဖိုးထားပါတယ်! ရှောင်းကျန့်ကိုပိုချစ်ကြတယ်ဆိုတာကိုသိရလို့လည်း ဝမ်းသာပါတယ်!

ဒါပေမဲ့ သာသာရေးထားတာကို ဖတ်မယ်ဆိုရင် ရှောင်းကျန့်က ရိပေါ်ဆီကနေ အရင်ထွက်လာခဲ့တာပါနော်! ရိပေါ်ကထားခဲ့တာမဟုတ်ဘဲ ရှောင်းကျန့်ထွက်သွားတာကို သူကမတားဘဲဒီအတိုင်းသွားခွင့်ပြုခဲ့တာပါ! ပြီးတော့ ရိပေါ်က ရှောင်းကျန့်ကို ဘယ်လောက်ထိအနစ်နာခံပြီး ချစ်ခဲ့လဲဆိုတာ! သူကိုယ်တိုင်ကမုန်းလို့ဆိုတာထက် နာကျည်းသွားလို့ဆိုတာထက် သူ့ကြောင့်ရှောင်းကျန့်ထပ်နာကျင်နေရမှာစိုးလို့သာ သူလက်လျော့ခဲ့တာပါ! သူနဲ့အတူတူဆက်နေရင် ရှောင်းကျန့်အရင်လိုမပျော်ရွှင်တော့မှာကို သိနေခဲ့လို့ လက်လျှော့ပေးခဲ့တာပါ!

ရိပေါ်ချစ်တာကို ပေါ်လွင်အောင်ရေးထားနိုင်တယ်ထင်ခဲ့တာ! ဒါပေမဲ့ ကြည့်ရသလောက်ကတော့ သာသာမရေးနိုင်ခဲ့ဘူးထင်တယ်! ဒီအတွက်ဆော်ရီးပါ~

ကိုယ့်မိသားစုကို ဒုက္ခရောက်အောင်လုပ်ခဲ့တဲ့ မိသားစုရဲ့သားကိုမှ ရိပေါ်ကချစ်ခဲ့တာပါ! ရှောင်းကတော်ကြောင့် သူမိဘမဲ့ကျောင်းမှာ အချစ်မခံရဘဲ အထီးကျန်ကျန် အသက်ရှင်ခဲ့ရပေမဲ့ ဘာမှမပြောဘဲ ခွင့်လွှတ်ပြီးတော့ကိုချစ်ခဲ့တာပါ! သူ့အဖေကိုတောင်ဆန့်ကျင်ပြီး ကာကွယ်ပေးချင်တဲ့စိတ်နဲ့ ကြိုးစားခဲ့ပေမဲ့ ကိစ္စတွေက ချွတ်ချော်လွဲမှားသွားတဲ့အခါ သူ့ကိုမုန်းသွားမှာစိုးလို့ ရှောင်းကျန့်ကို ရှင်းပြပြီး နားလည်ပေးမယ်လည်းလို့ မျှော်လင့်ခဲ့တာပါ!

Him ❤️ (Yizhan)Onde histórias criam vida. Descubra agora