Unicode
"Ze...Zexi!!!"
"ခင်ဗျားကိုခင်ဗျားဘာလုပ်နေတယ်ထင်လဲ? ဘယ်သူ့ခွင့်ပြုချက်နဲ့..."
ချန်းယောင်ကသူ့အတွက်ပြောပေးချင်တာကို သူသိပေမဲ့ အခုအချိန်မတန်သေး~ ဒီ Company ကိုလက်လွှဲယူပြီးမှ ရှောင်းကျန့်ကိုသူကိုယ်တိုင်ပြောပြချင်ခဲ့တာ~ ဘာကြောင့်သူဒီလိုလုပ်ရလဲဆိုတာကို ရှင်းပြချင်ခဲ့တာ~ ချန်းယောင်က သူ့ဦးလေးဆိုသည့် အတွေးကြောင့် Zexi စိတ်လျော့လိုက်ကာ~
"ထွက်သွားစမ်း!!!"
Zexi အံကြိတ်ပြီးပြောတော့ ချန်းယောင်က ခဏလောက်ရပ်နေပြီးမှ ခပ်သုတ်သုတ်လေးထွက်သွားသည်။ ရှောင်းကျန့်က Zexi ကိုကြည့်ပြီး ဟက်ခနဲ့ရယ်ချလိုက်ကာ~
"ဒီတော့ ဒါတွေအားလုံးက ခင်ဗျားအကြံတွေပေါ့! ဟုတ်လား Zexi!!!?"
"ကျန့်ကျန့်~ တကယ်တော့ကိုယ်က..."
သူ့လက်ကိုဆွဲကိုင်လာသည့် Zexi လက်ကိုရှောင်းကျန့်ဖယ်ချလိုက်ကာ~
"ခင်ဗျားမှာ တခြားဘာအကြံတွေရှိသေးသလဲ? ဟိုင်ခွမ်းကောကို ဥက္ကဌနေရာကနေဖယ်ခိုင်းပြီး ခင်ဗျားအဲ့နေရာမှာထိုင်ချင်လို့လား? ဒါမှမဟုတ် ပြဿနာတွေတစ်ခုပြီးတစ်ခုဖန်တီးပြီး လက်စားချေချင်တာလား??? အဲ့ဒီရုံးခွဲကကိစ္စကကော ခင်ဗျားလက်ချက်မဟုတ်တာသေချာရဲ့လား!!!?"
"ကျန့်ကျန့်!!!"
"ဖယ်!!!!"
"ကိုယ်ပြောတာနားထောင် ရှောင်းကျန့်!!! အဲ့ဒီကိစ္စတွေက မင်းမိဘနဲ့ပတ်သက်တာ မင်းအစ်ကိုနဲ့ ပတ်သက်တာ! မင်းနဲ့ဘာမှမဆိုင်ဘူး! ကိုယ်သူတို့ကို လက်စားချေချင်ရုံသက်သက်ပဲ! ဒီထက်ဘာမှမပိုဘူး!!!"
VOCÊ ESTÁ LENDO
Him ❤️ (Yizhan)
RomanceUnicode ❤️ "ရှောင်းကျန့်!!!" "..." "ရှောင်းကျန့်!!!!" ထိုအသံကဘယ်သူလဲဆိုတာ ရှောင်းကျန့်သိတာကြောင့် လှည့်ကြည့်ကာ ပြုံးပြလိုက်သည်။ "ငါဒီလိုပုံစံဖြစ်နေတာကို မင်းကျေနပ်တယ်မလား ရိပေါ်~ မင်းပျော်နေသင့်တယ်~" "ရှောင်းကျန့်~ ငါတို့အေးအေးဆေးဆေးစကားပြောရအောင်~...