![]()
Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image. Unicode
"ရောက်ပါပြီခင်ဗျ!!!"
ကားဆရာပြောတော့ သူ့ရင်ခွင်ထဲအိပ်ပျော်နေသည့် ယုန်ပေါက်ကလေးကို ရိပေါ်တစ်ချက်ကြည့်လိုက်ကာ ပိုက်ဆံထုတ်ပေးလိုက်သည်။ ကားခပေးပြီးသွားတော့ ပိုက်ဆံအိတ်ထဲမှာ အကြွေစေ့လေးတွေသာကျန်တော့သည်။
ရှောင်းကျန့်ကို ပူပူနွေးနွေးနှင့်စားလို့ကောင်းတာတစ်ခုခု ဝယ်ကျွေးချင်ပေမဲ့ ဖြစ်နိုင်ဟန်မတူတော့တာကြောင့် သက်ပြင်းကြိတ်ချလိုက်ရင်း ယုန်ပေါက်ကလေးနိုးမလာအောင် ကားပေါ်ကနေ အသာပွေ့ချီလိုက်သည်။ အလုပ်ပျက်တာတွေများနေသည့်အပြင် သူကိုယ်တိုင်ကလည်း ရှောင်းကျန့်အနားမှာပဲ တစ်ချိန်လုံးကပ်ချင်နေမိတာမို့လို့ ပိုခက်ခဲနေရသည်။
ရှောင်းကျန့်ကိုအိပ်ရာပေါ်တင်ပေးပြီးသွားတော့ ရှင်းသန့်နေသည့်မျက်နှာလေးကို ပြုံးကြည့်လိုက်ရင်း နဖူးကိုအသာနမ်းငုံ့လိုက်သည်။ ကုတင်ဘေးလက်ထောက်ကာ အကြာကြီးထိုင်ငေးနေပြီးမှ သူ့ကလေးလေးနိုးမလာခင် အရသာရှိသည့် အရာတစ်ခုခုချက်ထားမှဖြစ်မည်ဆိုသည့်အတွေးဖြင့် ရိပေါ်အပြင်ပြန်ထွက်လာတော့ ဧည့်ခန်းထဲရောက်နေသည့် လူတစ်ယောက်ကြောင့် အံ့ဩသွားသည်။
"ပါး~"
(ပါးဖြစ်လိုက် အဖေဖြစ်လိုက်နဲ့~ သာသာဆိုတာလည်းဂေါက်နေပါပြီ 🤣 အဓိပ္ပာယ်ကအတူတူပဲမို့ နောက်ဆိုပါးလို့ပဲသုံးမယ်နော်)
"အော်~ မင်းကိုကျောင်းသွားနေတယ်ထင်တာ!"
"ပါးကဒီကိုဘယ်လိုလုပ်ပြီး..!?"
ဝမ်ရိုဟန်အနောက်က ကိုယ်ရံတော်တွေကို ရိပေါ်စိုက်ကြည့်လိုက်တော့ ထိုလူတွေက ခေါင်းညိတ်အရိုအသေပြုကာ အလိုက်တသိထွက်သွားသည်။ သူ့လူတွေအပေါ် ရိပေါ်အာဏာရှိသေးတာကိုမြင်တော့ ဝမ်ရိုဟန်သဘောကျစွာပြုံးလိုက်ကာ~

YOU ARE READING
Him ❤️ (Yizhan)
RomanceUnicode ❤️ "ရှောင်းကျန့်!!!" "..." "ရှောင်းကျန့်!!!!" ထိုအသံကဘယ်သူလဲဆိုတာ ရှောင်းကျန့်သိတာကြောင့် လှည့်ကြည့်ကာ ပြုံးပြလိုက်သည်။ "ငါဒီလိုပုံစံဖြစ်နေတာကို မင်းကျေနပ်တယ်မလား ရိပေါ်~ မင်းပျော်နေသင့်တယ်~" "ရှောင်းကျန့်~ ငါတို့အေးအေးဆေးဆေးစကားပြောရအောင်~...