Part 47

8.5K 907 147
                                    

Unicode

¡Ay! Esta imagen no sigue nuestras pautas de contenido. Para continuar la publicación, intente quitarla o subir otra.

Unicode

စာတစ်စောင်ဖွင့်ဖတ်ရုံနှင့်တင် အငိုမတိတ်သေးသည့်ရှောင်းကျန့်က Video ထပ်ဖွင့်ကြည့်ရမှာကို တွန့်ဆုတ်နေမိသည်။ ဒါတွေက သူမမြင်ချင်ခဲ့သည့်အရာ~ သူမသိချင်ခဲ့သည့်အရာတွေဖြစ်နေခဲ့လျှင် ဘယ်လိုလုပ်မလဲ!? သူ့ဘေးနားမှာ ရိပေါ်မရှိဘဲ ဟိုင်ခွမ်းမရှိဘဲ သူဘယ်လိုရင်ဆိုင်ရမလဲမသိတာကြောင့် ဖွင့်ကြည့်ရမှာကို အလိုလိုကြောက်လန့်နေမိသည်။

ဒါပေမဲ့ Zexi ပြောသွားသည့်အရာ Zexi သတိပေးသွားလူကိုလည်း ရှောင်းကျန့်အနေနှင့်သိချင်လှပါသည်။ ပြီးတော့ Zexi မကာကွယ်ပေးလိုက်နိုင်ဘူးဆိုတဲ့လူကကော ဘယ်သူလဲ!!!? သိချင်စိတ်ကြောင့် သူ့ကိုချော့သိပ်နေဆဲဖြစ်သည့် ဒေါ်လေးရင်ကို ကြည့်လိုက်ကာ~

"ဒေါ်လေး~ ကျွန်တော်ဗိုက်ဆာလာလို့ ဒါလေးတွေပြန်နွေးပေးလို့ရမလား!? အကုန်အေးကုန်တော့ မသောက်ချင်တော့ဘူး~"

"အင်း~ အင်း~ဒေါ်လေးလူခေါ်ပြီး.."

"ဟင့်အင်း~ ဒေါ်လေးကိုယ်တိုင်ပဲသွားလုပ်ပေးပါလား!? ကျွန်တော်ဘာလို့ တစ်ပတ်လုံးလုံးသတိမေ့နေခဲ့သလဲဆိုတာ ဒေါ်လေးတို့အပြင် တခြားလူကိုမသိစေချင်ဘူး~"

"သခင်လေးတစ်ယောက်တည်း အဆင်ပြေပါ့မလား!?"

"ကျွန်တော်အဆင်ပြေပါတယ်~ ဒီအတိုင်း ငိုချင်စရာကောင်းတဲ့ပုံပြင်တစ်ပုဒ်ကို ဖတ်မိသွားလို့~"

ဒေါ်လေးရင်ကမယုံသလိုစိုက်ကြည့်သည်။ ဒါပေမဲ့ သူမကိုအတင်းပြုံးကာ နှင်လွှတ်နေသည့် ရှောင်းကျန့်ကြောင့်~

"တကယ်အဆင်ပြေတယ်နော်!?"

"အင်း~ပြေပါတယ်! ဘာမှမဖြစ်ဘူး စိတ်ချပါ~"

Him ❤️ (Yizhan)Donde viven las historias. Descúbrelo ahora