Part 18

13.1K 1.3K 76
                                    

Unicode

Oops! Ang larawang ito ay hindi sumusunod sa aming mga alituntunin sa nilalaman. Upang magpatuloy sa pag-publish, subukan itong alisin o mag-upload ng bago.

Unicode

"မင်းက ဝမ်ရိပေါ်လား!!?"

​ရိပေါ်​ ရှောင်းကျန့်ကိုစာပို့နေရင်းမှ မော့ကြည့်လိုက်သည်။ အလုပ်မပြီးသေးပေမဲ့ ညစာစားဖို့ဆိုကာ ခဏထွက်လာခဲ့တာဖြစ်သည်။ သူ့မျက်နှာပေါ်က အပြုံးတွေက ပျောက်မသွားပေမဲ့ ပတ်ဝန်းကျင်ကိုတစ်ချက်မျက်လုံးကစားကြည့်လိုက်တော့ လမ်းမပေါ်မှာ လူအတော်ရှင်းနေသည်။

"ဒီတော့...?"

ပြောပြီးရိပေါ်က သူ့အာရုံကိုဖုန်းလေးထံပြန်ပို့လိုက်ကာ ရှောင်းကျန့်ကိုသူအချိန်ပိုဆင်းရမည့်အကြောင်း စာတိုလှမ်းပို့လိုက်သည်။ ရှောင်းကျန့်ဆီက အလိုမကျသည့်စာတွေ သူ့ကိုပစ်တောက်ပစ်တောက်နှင့် အပြစ်ပြောနေသည့် စာလေးတွေပြန်ပို့လာတော့ ရိပေါ်ဟန်မဆောင်နိုင်စွာ ပြုံးလိုက်သည်။ အပြင်မှာ ခါးလေးထောက်ပြီး သူ့ကိုနှုတ်ခမ်းလေးတထော်ထော်ဖြင့် အပြစ်တင်ပြောဆိုနေမှာကျိန်းသေသည်။ ဘယ်လောက်များချစ်ဖို့ကောင်းနေလိုက်မလဲ!!?

"မင်းကိုသတိပေးချင်လို့လာခဲ့တာ! ဟေ့ဒီမှာ~ ကောင်လေး! ငါတို့မင်းကိုစကားပြောနေတာ ဖုန်းလေးဘေးခဏချပြီး ငါတို့ကိုအဖက်လေးဘာလေးလုပ်လို့မရဘူးလား!!?"

ဂျာကင်အနက်ရောင်နှင့်လူက ရိပေါ်ဆီကဖုန်းကိုလုယူမလို့ပြင်တော့ ရိပေါ်စာရိုက်နေရင်းက ဘေးလှည့်ရှောင်လိုက်တာကြောင့် ထိုလူအရှိန်လွန်သွားကာ ရိပေါ်ကိုကျော်သွားသည်။

ရိပေါ်ဆီကရယ်သံတိုးတိုးလေးထွက်လာတော့ ထိုလူကဒေါသထွက်လာကာ သူ့နောက်ပိုးကိုကိုင်ပြီး ဟက်ခနဲ့ရယ်ချသည်။

"ရှောင်တယ်ပေါ့လေ~ ဒီသောက်ကောင်လေးက!"

ရိပေါ်က စိတ်ကောက်နေသည့် သူ့ဘေဘီလေးကိုနှစ်သိမ့်သည့်စာလေးတွေ ပြန်ပို့ပေးနေတာကြောင့် သူ့ရှေ့ကလူကို စကားပြန်ပြောဖို့မအားနိုင်သေး~ ရိပေါ်ရဲ့ဂရုမစိုက်သည့်ပုံစံကြောင့် ထိုလူတစ်အုပ်ပိုစိတ်ဆိုးသွားရကာ ရိပေါ်ဆီကဖုန်းကို လူသုံးလေးယောက်လောက်က ဝိုင်းလုယူဖို့ကြိုးစားကြသည်။

Him ❤️ (Yizhan)Tahanan ng mga kuwento. Tumuklas ngayon