Part 17

13.4K 1.2K 40
                                    

Unicode

¡Ay! Esta imagen no sigue nuestras pautas de contenido. Para continuar la publicación, intente quitarla o subir otra.

Unicode

"ကျွန်တော်တို့နဲ့သာ ပူးပေါင်းရင် အာသာချက်တွေအများကြီးရှိတာ ခင်ဗျားသိတယ်မလား Mr.Choi?"

"ရှောင်းအိမ်တော်ကို ဘာလို့ဒီလောက်အနိုင်ယူချင်တာလဲဆိုတာ သိခွင့်ရှိမလား Mr.Zexi!?"

"အရေးမကြီးတဲ့ ကိုယ်ရေးကိုယ်တာကိစ္စပါ~ ဒါပေမဲ့ ကျွန်တော်တို့သာ ရှောင်းဟိုင်ခွမ်းကို ဥက္ကဋ္ဌအဖြစ် ဖြုတ်ချပြီးနိုင်ခဲ့ရင် ခင်ဗျားကို ဒုတိယဥက္ကဋ္ဌအဖြစ် ရာထူးပေးမှာပါ~ ကျွန်တော်တို့ဘက်က ရှယ်ယာ ၁၅ % အပါအဝင်ပေါ့!!!"

"ကျွန်တော်က ဥက္ကဋ္ဌရာထူးတွေ ဘာတွေစိတ်ဝင်စားတာမဟုတ်ပါဘူး Mr.Zexi! ကျွန်တော်က အခုမှရှောင်းအိမ်တော်ဆီ ရှယ်ယာဝင်ထားတဲ့သူပါ~ ခင်ဗျားတို့နဲ့သာ ပူးပေါင်းပြီး ရှောင်းဟိုင်ခွမ်းကို ဥက္ကဋ္ဌနေရာက ဖြုတ်ချရမယ်ဆိုရင် Company က မတည်မငြိမ်ဖြစ်ပြီး ရှယ်ယာတွေ စျေးကျလာနိုင်ပါတယ်! ဒါဆိုရင် ကျွန်တော်အရှုံးပေါ်မှာမဟုတ်ဘူးလား?"

Mr.Choi က Zexi ကိုပြုံးကြည့်လိုက်ပြီး~

"ကျွန်တော်က သာမာန်စီးပွားရေးသမားတစ်ယောက်ပါ~ ဒါကြောင့် အမြတ်ရဖို့တစ်ခုတည်းကိုပဲတွေးပါတယ်~Mr.Zexi"

Zexi က မျက်နှာတည်နေရာမှ ရယ်ချလိုက်ကာ~

"ခင်ဗျားက ရေရှည်ကိုမတွေးဘဲ ဒီလိုသာအတွေးတိမ်နေရင် အောင်မြင်နိုင်ပါ့မလား? ရှောင်းဟိုင်ခွမ်းဆိုတဲ့လူက စီးပွားရေးကို သမာသမတ်ကျကျလုပ်တတ်ပေမဲ့ သူကရှယ်ယာတွေစျေးတက်အောင် ကောင်းကောင်းမကစားတတ်ဘူး!"

"ကျွန်တော်တို့ Chen's Co-Orperation Company က ပါတနာတွေနဲ့ အလုပ်တွဲလုပ်တဲ့နေရာမှာ နာမည်ကြီးပါတယ်~ ပြီးတော့ ရှယ်ယာတွေ ကစားတဲ့နေရာမှာရောပေါ့~ အခုကျွန်တော်တို့ ရှယ်ယာစျေးတွေ ဘယ်လောက်ထိတောင် မြှောက်တက်နေလဲဆိုတာ ခင်ဗျားသိလား? တစ်စောင်ကို $တစ်သိန်းအထက်မှာရှိပါတယ်~ အခုခင်ဗျားကို ၁၅% နဲ့ကမ်းလှမ်းတာ နည်းတဲ့ပမာဏတော့မဟုတ်ဘူးနော် Mr.Choi! သေချာစဉ်းစားကြည့်စေချင်ပါတယ်~"

Him ❤️ (Yizhan)Donde viven las historias. Descúbrelo ahora