Part 55

11.2K 1K 175
                                    

Unicode

¡Ay! Esta imagen no sigue nuestras pautas de contenido. Para continuar la publicación, intente quitarla o subir otra.

Unicode

"ဒီနေရာလား!?"

"အင်း~ အဲ့ဒါ! အဲ့ဒါ! အဲ့ဒါတွေအကုန်လုံးကို ပါးက ဆွဲပေးထားတာ! သူကမကြိုက်ဘူးဆိုပြီး အသစ်တွေထပ်ဆွဲခိုင်းပြီး ဒီပုံတွေကျတော့ ယူသုံးထားတာ!"

"ပါးကခွင့်ပြုလိုက်တယ်လား!!?"

ရှောင်းကျန့်လိုလူမျိုးက အလွယ်တကူအလျှော့မပေးတတ်မှန်း သိထားသူပီပီ Boboကို ရိပေါ်လှည့်မေးလိုက်တော့ Bobo ကခေါင်းခါသည်။

"ဟင့်အင်း~ ပါးကဒီအထိလာပြီး တရားဘာဆိုလား!? စွဲမယ်လို့ အားချိန်ကောကပြောတယ်! ဒါပေမဲ့ ဘာကြောင့်မှန်းမသိ မလုပ်နိုင်ခဲ့ဘဲ ဒီအတိုင်းအရှုံးပေးခဲ့ရတယ်တဲ့! အဲ့ဒီတုန်းက Bo ကျောင်းကနေအိမ်ကိုပြန်ရောက်တော့ ပါးကဘာမှမဖြစ်သလို ဟန်ဆောင်နေခဲ့တာ! ဒါပေမဲ့ ပါးဝမ်းနည်းနေခဲ့တယ်ဆိုတာကို Bobo သိတယ်!"

ရိပေါ်ရင်ထဲမွန်းကြပ်သွားပြီး ကားစတီယာတိုင်ကို တင်းကြပ်စွာဆုပ်ကိုင်လိုက်သည်။ ရှောင်းကျန့်ကို သူဘယ်လောက်တန်ဖိုးထားမှန်း ဘယ်လောက်ထိမြတ်နိုးမှန်းသူကိုယ်တိုင်တောင်မသိပေမဲ့ ရှောင်းကျန့်နာကျင်ပြီး မပျော်ရွှင်ရမှာတစ်ခုတည်းနှင့် ရင်တွေအကွဲခံကာ သူလက်လွှတ်ပေးခဲ့သည်။ အဝေးတစ်နေရာကနေသာ စောင့်ကြည့်ပြီး သူ့စိတ်ကိုသူဖြေသိမ့်ခဲ့ရသည်။

ထိုမျှအထိ တန်ဖိုးထားရသည့် သူ့ချစ်သူလေးကို သူမစောင့်ရှောက်ပေးနိုင်သည့်အချိန် လိုအပ်ချိန်တိုင်းအနားမှာ ရှိနေမပေးနိုင်ခဲ့သည့်အချိန် ရှောင်းကျန့်နာကျင်ဝမ်းနည်းခဲ့ရသည်ကိုသိလိုက်ရခြင်းက  ဖျတ်ဖျတ်လူးနေသည့်သူ့နှလုံးသားကို သံရည်ပူတွေ လောင်းချလိုက်သလိုပင်~

Him ❤️ (Yizhan)Donde viven las historias. Descúbrelo ahora