Part 28

9.5K 1K 39
                                    

Unicode

Ops! Esta imagem não segue nossas diretrizes de conteúdo. Para continuar a publicação, tente removê-la ou carregar outra.

Unicode

ရှောင်းကျန့်က ဘာပစ္စည်းမှမလိုအပ်ပေမဲ့ Zexi ပိုက်ဆံရှင်းသည်မို့ လျှောက်ပတ်ဝယ်နေကာ ပိုက်ဆံကိုကောင်းကောင်းဖြုန်းတီးပေးနေလိုက်သည်။ Zexi ကလည်းတစ်ချက်ကလေးပင် မညည်းညူဘဲ ရှောင်းကျန့်လက်ညိုးထိုးပြသမျှဝယ်နေကာ သူ့တပည့်တွေကို သယ်ခိုင်းသည်။

Zexi လူတွေက ဆယ်ယောက်လောက်တောင် ရှိနေသည်မို့ ထွက်ပြေးဖို့ကမလွယ်~ ဆိုင်အပြင်ဘက်မှာ လေးယောက်လောက်က စောင့်ကြည့်နေကာ ကျန်သည့်လူတွေက Zexi ပိုက်ဆံရှင်းလိုက်သည့် ပစ္စည်းတွေကိုသယ်နေကြသည်။ Zexi က ရှောင်းကျန့်ရှိမရှိ တစ်ချက်လှမ်းကြည့်ရင်းအဝတ်စင်တွေကြားထဲ လျှောက်တိုးနေသည့် သူ့ကိုမြင်တော့မှ စိတ်ချသွားဟန်ဖြင့် တပည့်တွေဆီအကြည့်လွှဲလိုက်သည်။

ရှောင်းကျန့်က ဟိုလျှောက်ဒီလျှောက်ဖြင့် အခွင့်အရေးကိုချောင်းနေတုန်း တစ်စုံတစ်ယောက်က သူ့လက်ကိုရုတ်တရက်ဆောင့်ဆွဲကာ ဝန်ထမ်းနားနေခန်းထဲသို့ ဆွဲသွင်းလာတာကြောင့် သူလန့်ကာအော်ဖို့ပြင်လိုက်သည်။ ဒါပေမဲ့ သူဘာမှမတုံ့ပြန်နိုင်ခင် တင်းကြပ်သည့်ထွေးပွေ့မှုနှင့်အတူ ရင်းနှီးနေသည့်ကိုယ်သင်းနံ့လေးကြောင့် မျက်လုံးလေး ဝိုင်းသွားသည်။ 

"အရမ်းလွမ်းတယ်~~~"

ထိုအသံလေးက တိုးညှင်းလွန်းပေမဲ့ ကြေကွဲဖို့ကောင်းလောင်အောင် ခြောက်ကပ်နေသည်။

"ရိပေါ်~~~"

"အရမ်းလွမ်းတယ်~~"

ရိပေါ်အသံလေးကြားတော့ ရှောင်းကျန့်မျက်ရည်တွေ ထိန်းမရစွာကျဆင်းလာသည်။ ရိပေါ်သူ့ကိုဖက်လိုက်မှ ရိပေါ်ကို သူဘယ်လောက်တောင်လွမ်းပြီး သတိရနေခဲ့သလဲဆိုတာ သိလာရသည်။ ဒီနွေးထွေးသည့် ထွေးပွေ့မှုလေးတစ်ခုကို သူဘယ်လောက်တောင် မျှော်လင့်ခဲ့မိသလဲဆိုတာ သိလာရသည်။

Him ❤️ (Yizhan)Onde histórias criam vida. Descubra agora