Unicode
"ရိပေါ်~~~"
"..."
"ရိပေါ်လို့~"
"ဟင်~အင်း!? ဘာလို့လဲ!? အိပ်မပျော်ဘူးလား!? ညောင်းနေလို့လား!? ကိုယ်နှိပ်ပေးမယ်လေ!"
အိပ်နေရာမှ ရိပေါ်လူးလဲထလိုက်ပြီး မျက်လုံးမဖွင့်နိုင်သေးဘဲ ရှောင်းကျန့်ကိုနှိပ်ပေးဖို့လက်လှမ်းလိုက်သည်။
"ဟင့်အင်း~ ငါဗိုက်ဆာလို့ ရိပေါ်~"
"ဗိုက်ဆာတယ်!?"
"အင်း~"
အိပ်ချင်စိတ်မပြယ်သေးသည့် ရိပေါ်မျက်နှာလေးကို ရှောင်းကျန့်ဆွဲယူလိုက်ပြီး မျက်လုံးကိုအသာအယာပွတ်ပေးလိုက်တော့ ရိပေါ်အနည်းငယ်ပြုံးသွားကာ ရှောင်းကျန့်ကိုယ်လေးကို သူ့ဘက်ဆွဲယူရင်း ပခုံးပေါ်မျက်နှာအပ်လိုက်သည်။
"ညနက်ကြီးထဲမှာ ကိုယ့်ကလေးလေးက ဘာစားချင်လို့တဲ့လဲ!?"
"ပေါက်စီပူပူလေးစားချင်တယ်~"
"ဟုတ်လား!? အင်း ကိုယ်သွားဝယ်ပေးမယ်နော်~ ခဏပဲစောင့်!"
ရိပေါ်က ဝင်းမွတ်နေသည့် ရှောင်းကျန့်ပါးပြင်လေးကို တစ်ချက်လှမ်းရှိုက်လိုက်ပြီး ကုတင်ပေါ်က လူးလဲထကာ အနွေးထည်ယူဝတ်သည်။ ရှောင်းကျန့်က စောင်ပုံကြားထဲကနေပင်~
"ဒါပေမဲ့ အခုက မနက်တစ်နာရီကြီးလေ! သူများဆိုင်ဖွင့်ပါ့မလားရိပေါ်~"
"မဖွင့်လည်း တံခါးကိုဖျက်ပြီး ဝယ်လာခဲ့ပေးပါ့မယ်~"
ရိပေါ်ပြောတော့ ရှောင်းကျန့် တခစ်ခစ်ရယ်လိုက်ရင်း~
"ဗိုက်ကြီးကြီးနဲ့ ငါရဲစခန်းတော့လိုက်မသွားချင်ဘူးနော်~ရိပေါ်!"
"ကိုယ်က ဒီနိုင်ငံမှာ အာဏာအရှိဆုံး မြေအောက်ဂိုဏ်းတစ်ခုရဲ့ခေါင်းဆောင်ပါနော်! ပြီးတော့ ဒီရုပ်ဒီရည်နဲ့က ရဲစခန်းသွားစရာလား!?"
"အော်~အော်~ ရဲစခန်းသွားတာ ရုပ်ရည်လိုသေးသတဲ့လား!? မင်းအေးနေရင် တစ်ယောက်ယောက်ကို ဝယ်ခိုင်းလိုက်လေ~ ရိပေါ်! မင်းမှာတပည့်တွေရာကျော်လောက်ကို ရှိတယ်မလား!?"
VOCÊ ESTÁ LENDO
Him ❤️ (Yizhan)
RomanceUnicode ❤️ "ရှောင်းကျန့်!!!" "..." "ရှောင်းကျန့်!!!!" ထိုအသံကဘယ်သူလဲဆိုတာ ရှောင်းကျန့်သိတာကြောင့် လှည့်ကြည့်ကာ ပြုံးပြလိုက်သည်။ "ငါဒီလိုပုံစံဖြစ်နေတာကို မင်းကျေနပ်တယ်မလား ရိပေါ်~ မင်းပျော်နေသင့်တယ်~" "ရှောင်းကျန့်~ ငါတို့အေးအေးဆေးဆေးစကားပြောရအောင်~...