Unicode
ဦးလေးကျောင်းက သူ့ရဲ့ကားကို ရှောင်းကျန့်ပြောသည့် လမ်းကျဉ်းလေးထဲ ချိုးဝင်လိုက်သည်။ လူတွေဟိုသွားဒီလာဖြင့် ရှုပ်ယှက်ခက်နေသည်မို့ ကားကိုအထဲထိမောင်းဝင်နိုင်ဖို့ဆိုတာ သိပ်မသေချာတော့!
ဦးလေးကျောင်းက ခေါင်းခြောက်နေဟန်ဖြင့် ကားမှန်တံခါးချကာ ကားနှင့်လမ်း လွတ်မလွတ်ကြည့်ဖို့ပြင်တော့ ရှောင်းကျန့်တားလိုက်သည်။
"ရတယ် ဦးလေးကျောင်း~ ကျွန်တော်ဒီကနေပဲ လျှောက်သွားလိုက်မယ်! ရိပေါ်ပို့ပေးထားတဲ့ မြေပုံအရဆိုရင် ဒီကနေ မဝေးတော့ဘူး"
"နေဦး~ကျွန်တော်ကားသွားရပ်လိုက်ဦးမယ်! ပြီးမှ အတူတူသွားကြတာပေါ့ သခင်လေး~"
"ဟင့်အင်း~မလိုဘူး! ဒီမှာပဲစောင့်နေတော့! ခဏလေးပဲ~ဦးလေးကျောင်း"
"ဒါပေမဲ့ သခင်လေးက အထုပ်အပိုးတွေနဲ့...ခဏ..."
ဦးလေးကျောင်းစကားပင်မဆုံးလိုက်။ ရှောင်းကျန့်က အဝတ်အစားထုပ်လေးဆွဲကိုင်ရင်း လမ်းကြားထဲပြေးဝင်သွားသည်။ တစ်ချို့လူတွေက ဝတ်ကောင်းစားလှနှင့်ရှောင်းကျန့်ကို ငေးကြည့်နေကြသည်မို့ ရှောင်းကျန့်ခေါင်းအသာငုံ့ရင်း ပြုံးပြလိုက်ကာ ဖုန်းကိုထုတ်ကြည့်လိုက်သည်။
"အိမ်နံပါတ်~၂၄ ~ ဒီနားလေးမှာပဲထင်တယ်~"
ရှောင်းကျန့်လမ်းကြားတစ်ခုထဲကို ထပ်ချိုးဝင်လိုက်ပြီး သူ့ရှေ့မှာရှိနေသည့် အိမ်သေးသေးလေးကိုကြည့်ကာ ပြုံးလိုက်သည်။ ရှောင်းကျန့်ကလှေကားသုံးထစ်ပေါ်မြူးထူးစွာ ပြေးတက်လိုက်ရင်း တံခါးနားကခလုတ်တွေအကုန်လုံးကို လိုက်ကြည့်လိုက်သည်။ ဒါပေမဲ့ ဘဲလ်နှိပ်ရမည့်နေရာကို မတွေ့တာကြောင့် ရိပေါ်ကိုအော်ခေါ်လိုက်သည်။
YOU ARE READING
Him ❤️ (Yizhan)
RomanceUnicode ❤️ "ရှောင်းကျန့်!!!" "..." "ရှောင်းကျန့်!!!!" ထိုအသံကဘယ်သူလဲဆိုတာ ရှောင်းကျန့်သိတာကြောင့် လှည့်ကြည့်ကာ ပြုံးပြလိုက်သည်။ "ငါဒီလိုပုံစံဖြစ်နေတာကို မင်းကျေနပ်တယ်မလား ရိပေါ်~ မင်းပျော်နေသင့်တယ်~" "ရှောင်းကျန့်~ ငါတို့အေးအေးဆေးဆေးစကားပြောရအောင်~...