![]()
Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image. Unicode
"မင်းအရင်တုန်းကဘာလို့မပြောခဲ့တာလဲ!?"
"ရှောင်း...ရှောင်းသခင်လေးက အရင်ကလည်း သူကြိုက်တဲ့သူနောက်ကို အမြဲလိုက်နေကြမို့ မ..မထူးဆန်းဘူးထင်လို့ပါ~"
"ဒီတော့ မင်းပြောချင်တာက ငါတို့ရှောင်းကျန့်က အဆင့်အတန်းမရှိတဲ့..."
Zexi ပြောမထွက်တာကြောင့် ဟက်ခနဲ့ရယ်လိုက်ပြီး သူ့ရှေ့မှာ ခေါင်းငုံ့ထားသည့်သူ့လူကိုမော့ကြည့်လိုက်သည်။ သူရှောင်းကျန့်ကိုတန်ဖိုးထားပြီးချစ်တာ သူ့နောက်လိုက်တွေအကုန်လုံးသိကြသည်။ အတင်းအကြပ်လုပ်ယူလို့ရပေမဲ့ ရှောင်းကျန့်မှာ သူ့အပြင် ဘယ်သူမှမရှိတာသိထားသည်မို့ ခပ်ပေါ့ပေါ့သာတွေးထားမိသည်။
ဒါပေမဲ့ ရှောင်းကျန့်နှင့် ပတ်သက်သမျှလူတိုင်းကို သူ့ဆီသတင်းပို့ပေးဖို့ ပြောထားပြီးသား~ အမိန့်ပေးထားပြီးသား~ အခုတော့ သူ့ရှေ့ကလူကြောင့် ရှောင်းကျန့်က အိမ်ပြန်မအိပ်တာတောင် ခရီးကပြန်ရောက်သည့် ဒီမနက်ခင်းမှ သိလိုက်ရသည်။ ရှောင်းကျန့်ဆိုတာ သူ့ကိုယ်သူတန်ဖိုးထားပြီး သူများအိမ်ကိုအလွယ်တကူလိုက်သွားမည့်သူမဟုတ်~
"မ..မဟုတ်ပါဘူး အစ်ကိုလေး~ သူ...သူတို့ကိုသာမာန်ဆက်ဆံရေးလို့ပဲ ထင်...ထင်ခဲ့လို့ပါ~"
"သာမာန်ဆက်ဆံရေးက အဲ့ဒီကောင်အိမ်မှာ တစ်ညလုံးနေခဲ့ရလောက်အောင် ကောင်းမွန်တယ်ပေါ့!? ဟမ်!? မင်းကမင်းကိုပေးထားတဲ့တာဝန်ကို ပေ့ါပေါ့လေးတွေးနေတာပဲ~ မင်းနဲ့ဒီလိုစကားတွေပြောနေရတာတင် အချိန်ဖြုန်းသလိုဖြစ်နေပြီ~"
"တောင်းပန်ပါတယ် အစ်ကိုလေး! နောက်မဖြစ်..."
"ဒိုင်း!!!!"
![](https://img.wattpad.com/cover/227171001-288-k40634.jpg)
YOU ARE READING
Him ❤️ (Yizhan)
RomanceUnicode ❤️ "ရှောင်းကျန့်!!!" "..." "ရှောင်းကျန့်!!!!" ထိုအသံကဘယ်သူလဲဆိုတာ ရှောင်းကျန့်သိတာကြောင့် လှည့်ကြည့်ကာ ပြုံးပြလိုက်သည်။ "ငါဒီလိုပုံစံဖြစ်နေတာကို မင်းကျေနပ်တယ်မလား ရိပေါ်~ မင်းပျော်နေသင့်တယ်~" "ရှောင်းကျန့်~ ငါတို့အေးအေးဆေးဆေးစကားပြောရအောင်~...