Unicode
သူရောက်သွားတော့ ရှောင်းကျန့်က အိပ်မွှန်စုံမွှားဖြင့် ကုတင်ပေါ်မှာ ငုတ်တုတ်ထိုင်နေသည်။ ရှောင်းကျန့်ကိုမြင်သည်နှင့် ရိပေါ်မျက်နှာမှာ အပြုံးတွေအလိုလိုဖြစ်ပေါ်လာကာ မျက်လုံးပင်သေချာမဖွင့်နိုင်သေးသည့် ရှောင်းကျန့်မျက်နှာလေးကိုဆွဲယူရင်း ရှိုက်နမ်းလိုက်သည်။ သူတို့နှစ်ယောက်လုံး မနေ့ညကအိမ်မပြန်ဖြစ်ခဲ့ဘဲ နီးစပ်ရာဟိုတယ်တစ်ခုမှာသာ စိတ်ကျေနပ်စွာ အချိန်အတူတူ ကုန်ဆုံးခဲ့ကြသည်။
"ဗိုက်ဆာပြီလား!? စားတော့မလားဟင်!!?"
ရှောင်းကျန့်ဘေးနားဝင်ထိုင်ရင်းမေးတော့ ရှောင်းကျန့်က သူ့ရင်ခွင်ထဲတိုးဝင်လာကာ ခါးကိုလှမ်းဖက်ထားသည်။
"မင်းဘယ်သွားခဲ့တာလဲ ရိပေါ်!? ခုနနိုးလာတုန်းက လိုက်ရှာသေးတယ်~မတွေ့ဘူး~"
"မင်းအတွက် မနက်စာပြင်ပေးဖို့ သွားပြောတာ! မျက်နှာလည်းမသစ်ရသေးဘူး~ ယုန်ပေါက်ကလေးက ညစ်ပတ်လိုက်တာ!!!"
"မင်းပဲလာနမ်းနေပြီးတော့~"
ရိပေါ်ရယ်လိုက်ရင်း ရှောင်းကျန့်ပါးပြင်လေးကို ညင်သာစွာပွတ်သပ်ပေးလိုက်သည်။ အပျင်းကြောထူနေသည့် ယုန်ပေါက်ကလေးကိုကြည့်ရင်း ချစ်မဝစွာဖြင့် ပြန်ငုံ့နမ်းတော့ ရှောင်းကျန့်က သူ့မျက်နှာကိုဖွက်လိုက်သည်။ ရိပေါ်ခပ်တိုးတိုးလေးရယ်လိုက်ကာ~
"ဒီနေ့မင်းအတွက် လိုအပ်တာတွေ သွားဝယ်ရင်း အပြင်မှာချိန်းတွေ့ရအောင် ရှောင်းကျန့်~"
"ချိန်းတွေ့မယ်!!?"
"အင်း~ ဒီအတောအတွင်းမှာ ကိုယ်တို့ချိန်းတွေ့ဖို့ အခွင့်အရေးမရခဲ့ကြဘူးလေ~ မင်းဘာလုပ်ချင်လဲ!? ဘယ်သွားချင်လဲ!!? ကိုယ်အကုန်လိုက်လျောပေးမယ်လေ~"
ESTÁS LEYENDO
Him ❤️ (Yizhan)
RomanceUnicode ❤️ "ရှောင်းကျန့်!!!" "..." "ရှောင်းကျန့်!!!!" ထိုအသံကဘယ်သူလဲဆိုတာ ရှောင်းကျန့်သိတာကြောင့် လှည့်ကြည့်ကာ ပြုံးပြလိုက်သည်။ "ငါဒီလိုပုံစံဖြစ်နေတာကို မင်းကျေနပ်တယ်မလား ရိပေါ်~ မင်းပျော်နေသင့်တယ်~" "ရှောင်းကျန့်~ ငါတို့အေးအေးဆေးဆေးစကားပြောရအောင်~...