Extra 4 (Zawgyi+Uni)

6.3K 706 75
                                    

Unicode

"မင်းမအိပ်တော့ဘူးလား!? ကျောက်ရုပ်ကြီးအတိုင်းပဲ အဲ့ဒီမှာရပ်နေတော့မှာလား!?"

Bobo က နှုတ်ခမ်းကို ပေါက်ထွက်လုမတတ် ဖိကိုက်ထားရင်း ကုတင်ပေါ်က ရှောင်ထုထုကို စူးစူးစိုက်စိုက် ကြည့်နေသည်။ ရှောင်ထုထုက Bobo သူ့ကိုစိတ်တိုနေမှန်းသိပေမဲ့ ဆုံးဖြတ်ချက်ကို သူမပြင်တော့သလို စိတ်ကိုလည်း ဒုံးဒုံးချထားပြီးပြီဖြစ်သည်။

Bobo ရဲ့ အနုပညာလမ်းကြောင်းမှာ အနှောင့်အယှက်အဖြစ်မခံဘဲ သူကအီတလီမှာ ကျောင်းသွားတက်မည်။ ပန်းချီနှင့်ပတ်သက်တာတစ်ခုခုထပ်တက်ပြီး ဘွဲ့တစ်ခုထပ်ယူမည်။ ဒါကို Bobo နားဝင်အောင်ရှည်ရှည်လျားလျား ရှင်းပြပေးခဲ့ပြီးသည့်နောက်တွင် Bobo က သူ့ကိုစိတ်တိုနေသည်။

ထို့ကြောင့် ထုထုက စောင်လေးမ,ကာ ကုတင်ပေါ်တက်လာရန်ခေါ်နေချိန်တွင် Bobo ကဝင်မလာသေးဘဲ စူးစူးနင့်နင့်ဖြင့် မကျေနပ်သလို သူ့အပြုအမူတိုင်းကိုလိုက်ကြည့်နေသည်မို့~

"မအိပ်လည်းနေပေါ့! ဒါပေမဲ့ အဲ့လိုကြီးလာစိုက်ကြည့်မနေနဲ့! အဲ့ဒီမျက်လုံးကြီးက ကျောချမ်းစရာကောင်းတယ်!"

ထုထုက စောင်ကိုဆွဲခြုံလိုက်ပြီး တစ်ဖက်ကို လှည့်အိပ်တော့ အဲ့ဒီအကြည့်စိမ်းစိမ်းတွေက သူ့နောက်ကျောကို ကပ်ပါလာတာကြောင့် သူတကယ်ကျောချမ်းနေမိသည်။ အခန်းငယ်လေးထဲမှာ တိတ်ဆိတ်မှုက ခဏတာကြီးစိုးသွားပြီးသည့်နောက်ဆုံးတွင် မနေနိုင်တော့သည့် Bobo ကပင်~

"ကိုကိုက Bobo ကို မချော့တော့ဘူးလား!? ဒါဆို Bobo က ကိုကို့ကို တစ်ညလုံးဒီအတိုင်းရပ်ကြည့်နေမှာနော်!"

Bobo အသံက ဂျစ်ကန်ကန်နှင့်မာဆတ်ဆတ်ကလေး ထွက်လာခဲ့ပေမဲ့ ချစ်စရာကောင်းသည့် ကလေးတစ်ယောက်ရဲ့ စိတ်တိုသံလိုမျိုးဖြစ်နေခဲ့သည်။ စိတ်တိုချင်ပေမဲ့ မတိုရက်သလိုမျိုး~ ဒီကြားထဲ အချော့ကခံချင်သေးသည်။ ကျောပေးအိပ်နေသည့်ထုထုက~

"ကိုကိုမှားတာမှမရှိတာ! ဘာလို့ချော့ရမှာလဲ!?"

"မမှားလည်းချော့ရမှာပေါ့! ကိုကိုက လူကြီးပဲဟာ~"

Him ❤️ (Yizhan)Donde viven las historias. Descúbrelo ahora